YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 13:13-25

သုတ္တံ 13:13-25 JBMLE

နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပျက်​စီး​လိမ့်​မည်။ ပ​ညတ်​တ​ရား​တော်​ကို ခန့်​ညား​သော​သူ​မူ​ကား၊ ချမ်း​သာ​ရ​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ၏​တ​ရား​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ၊ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။ ကောင်း​သော​ဉာဏ်​ရှိ​သော​သူ​သည် မျက်​နှာ​ရ​တတ်၏။ ပြစ်​မှား​သော​သူ​တို့ လမ်း​မူ​ကား၊ ခက်​သော​လမ်း​ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ပ​ညာ​အ​တတ်​နှင့် ပြု​မူ​တတ်​ကြ၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​မိုက်​သော အ​ပြစ်​ကို ထင်​ရှား​စေ​တတ်၏။ မ​တ​ရား​သော​အ​စေ​ခံ​သည် မိ​မိ​စောင့်​သော​အ​မှု​ကို ဖျက်​တတ်၏။ သ​စ္စာ​ရှိ​သော​သံ​တ​မန်​မူ​ကား၊ ကျန်း​မာ​ခြင်း​အ​ကြောင်း ဖြစ်၏။ သွန်​သင်​ခြင်း​ကို ငြင်း​ပယ်​သော​သူ​သည် ဆင်း​ရဲ​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို ရ​လိမ့်​မည်။ အ​လို​ဆ​န္ဒ​ပြည့်​စုံ​ခြင်း​အ​ရာ​သည် ချို​မြိန်၏။ ဒု​စ​ရိုက်​ကို ရှောင်​သော​အ​ရာ​မူ​ကား၊ မိုက်​သော​သူ​တို့ စက်​ဆုပ်​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။ အ​ပြစ်​ရှိ​သော​သူ​တို့​ကို ဘေး​လိုက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ဆင်း​ရဲ​သား လယ်​လုပ်​ခြင်း​အား​ဖြင့် စား​စ​ရာ​ပွား​များ၏။ သို့​ရာ​တွင်၊ မ​တ​ရား​သော​အ​မှု​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။ ကြိမ်​လုံး​ကို မ​သုံး​သော​သူ​သည် မိ​မိ​သား​ကို မုန်း​ရာ​သို့​ရောက်၏။ သား​ကို​ချစ်​သော​သူ​မူ​ကား၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ဆုံး​မ​တတ်၏။ ဖြောင့်​မတ်​သော​သူ​သည် ဝ​စွာ​စား​ရ​သော အ​ခွင့်​ရှိ၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မွတ်​သိပ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။