YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 13:1-12

သုတ္တံ 13:1-12 JBMLE

ပ​ညာ​ရှိ​သော​သား​သည် အ​ဘ၏​သွန်​သင်​ခြင်း​ကို နား​ထောင်​တတ်၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သား​မူ​ကား၊ အ​ပြစ်​တင်​ခြင်း​ကို နား​မ​ထောင်​တတ်။ လူ​သည် မိ​မိ​နှုတ်၏​အ​သီး​တည်း​ဟူ​သော ကောင်း​သော​အ​ရာ​ကို စား​ရ၏။ ပြစ်​မှား​တတ်​သော​သူ​မူ​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်၏ အ​သီး​ကို​စား​ရ၏။ မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။ ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။ ဖြောင့်​မတ်​သော​သူ​သည် မု​သား​စ​ကား​ကို​မုန်း​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ စက်​ဆုပ်​ဖွယ်​ဖြစ်၍၊ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​တတ်၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် လမ်း​မ​လွှဲ​သော​သူ​ကို စောင့်​တတ်၏။ ဒု​စ​ရိုက်​တ​ရား​မူ​ကား၊ အ​ပြစ်​ရှိ​သော​သူ​ကို လှဲ​တတ်၏။ အ​လွန်​ဆင်း​ရဲ​လျက်​နှင့် ရ​တတ်​ဟန်​ဆောင်​သော​သူ​ရှိ၏။ အ​လွန်​ရ​တတ်​လျက်​နှင့် ဆင်း​ရဲ​ဟန်​ဆောင်​သော​သူ​လည်း​ရှိ၏။ စည်း​စိမ်​သည် ရ​တတ်​သော​သူ၏ အ​သက်​ကို ရွေး​ဖို့​ဖြစ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ အ​ပြစ်​တင်​သော​စ​ကား​ကို မ​ကြား​ဘဲ​နေ၏။ ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။ မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။ လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။ မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။