YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 12:11-23

သုတ္တံ 12:11-23 JBMLE

မိ​မိ​လယ်​ယာ​ကို လုပ်​သော​သူ​သည် ဝ​စွာ​စား​ရ၏။ အ​ချည်း​နှီး​သော​အ​မှု​ကို စောင့်​သော​သူ​မူ​ကား၊ ဉာဏ်​ချို့​တဲ့၏။ မ​တ​ရား​သော​သူ​သည် လူ​ဆိုး​သုံး​တတ်​သော ကျော့​ကွင်း​ကို အ​လို​ရှိ၏။ ဖြောင့်​မတ်​သော​သူ၏​အ​မြစ်​မူ​ကား၊ အ​သီး​ကို​သီး​တတ်၏။ စ​ကား​လွန်​ကျူး​ရာ​တွင် ဆိုး​သော​ကျော့​ကွင်း​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ အ​မှု​ထဲ​က ထ​မြောက်​တတ်၏။ လူ​သည် မိ​မိ​နှုတ်​ခမ်း​အ​သီး​ကို ဝ​စွာ​စား​ရ၏။ မိ​မိ​လက်​လုပ်​ရာ အ​ကျိုး​အ​ပြစ်​ကို​လည်း​ခံ​ရ၏။ မိုက်​သော​သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မှန်​သည်​ဟု ထင်​တတ်၏။ အ​ကြံ​ပေး​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။ မိုက်​သော​သူ၏​အ​မျက်​ဒေါ​သ​သည် ချက်​ချင်း​ထင်​ရှား​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ ရှက်​စ​ရာ​အ​မှု​ကို ဖုံး​တတ်၏။ မှန်​သော​စ​ကား​ကို ပြော​သော​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၊ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​မူ​ကား၊ မု​သား​တ​ရား​ကို ပြ​သ​တတ်၏။ သန်​လျက်​နှင့်​ထိုး​သ​ကဲ့​သို့ စ​ကား​ပြော​တတ်​သော လူ​တစ်​ချို့​ရှိ၏။ ပ​ညာ​ရှိ​တို့၏​လျှာ​မူ​ကား အ​နာ​ကို​ပင် ပျောက်​စေ​တတ်၏။ သ​စ္စာ​နှုတ်​ခမ်း​သည် အ​စဉ်​အ​မြဲ​တည်၏။ မု​သား​လျှာ​မူ​ကား ခ​ဏ​သာ​တည်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​သူ​တို့၏​စိတ်​ထဲ​မှာ လှည့်​စား​တတ်​သော​သ​ဘော​ရှိ၏။ ရန်​ပြေ​စေ​ခြင်း​ငှာ အ​ကြံ​ပေး​သော​သူ​တို့၌​ကား၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ တ​ရား​သော​သူ၌ အ​မင်္ဂ​လာ မ​ရောက်​ရာ။ မ​တ​ရား​သော​သူ​မူ​ကား၊ အ​မင်္ဂ​လာ​နှင့် ပြ​ည့်​ဝ​ရ​လိမ့်​မည်။ မု​သား​သုံး​သော​နှုတ်​ခမ်း​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်​ဖြစ်၏။ သ​စ္စာ​တ​ရား​ကို စောင့်​ရှောက်​သော​သူ​တို့​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​သိ​သော​အ​ရာ​ကို​ပင် ထိမ်​ဝှက်​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​အ​လို​အ​လျောက် မိုက်​သော​သ​ဘော​ကို ထင်​ရှား​ပြ​တတ်၏။