စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။ စပါးကို သိုထားသောသူသည် လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းချီးမင်္ဂလာ ရှိလိမ့်မည်။ ကောင်းသောအရာကို ကြိုးစား၍ရှာသောသူသည် ကျေးဇူးကိုခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှာ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။ မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား၊ သစ်ခက်ကဲ့သို့ စိမ်းလန်းလိမ့်မည်။
သုတ္တံ 11 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 11:24-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ