YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 11:24-28

သုတ္တံ 11:24-28 JBMLE

စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။ စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။ ကောင်း​သော​အ​ရာ​ကို ကြိုး​စား၍​ရှာ​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​မူ​ကား၊ ကိုယ်​အ​ကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။ မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။