YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 11:16-31

သုတ္တံ 11:16-31 JBMLE

နှစ်​သက်​ဖွယ်​သော မိန်း​မ​သည် ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော ယောက်ျား​သည် စည်း​စိမ်​ကို​လည်း​ကောင်း​ရ​တတ်၏။ သ​နား​တတ်​သော​သူ​သည် မိ​မိ​ကိုယ်၌​ကျေး​ဇူး​ပြု​တတ်၏။ ကြမ်း​ကြုတ်​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် နှောင့်​ယှက်​တတ်၏။ မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သ​ကဲ့​သို့၊ ဒု​စ​ရိုက်​ကို လိုက်​ရှာ​သော​သူ​သည်​လည်း၊ မိ​မိ​သေ​ခြင်း​တိုင်​အောင် လိုက်​ရှာ​တတ်၏။ သ​ဘော​ကောက်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ လူ​ဆိုး​တို့​သည် အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​မူ​ကား လွတ်​ရ၏။ သ​မ္မာ​သ​တိ​မ​ရှိ၊ အ​ဆင်း​လှ​သော​မိန်း​မ​သည် ဝက်​မ​နှာ​ခေါင်း​ဖျား၌​တပ်​သော ရွှေ​တန်​ဆာ​နှင့်​တူ၏။ ဖြောင့်​မတ်​သော​သူ​သည် မြတ်​သော​အ​ရာ​ကို​သာ တောင့်​တ​တတ်၏။ မ​တ​ရား​သော​သူ မျှော်​လင့်​သော​အ​ရာ​မူ​ကား၊ ဒေါ​သ​အ​မျက်​နှင့် ဆိုင်​သ​တည်း။ စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။ စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။ ကောင်း​သော​အ​ရာ​ကို ကြိုး​စား၍​ရှာ​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​မူ​ကား၊ ကိုယ်​အ​ကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။ မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။ မိ​မိ​အိမ်​ကို​နှောင့်​ယှက်​သော​သူ​သည် လေ​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ မိုက်​သော​သူ​သည်​လည်း၊ လိ​မ္မာ​သော​သူ​ထံ၌ ကျွန်​ခံ​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ သီး​သော​အ​သီး​သည် အ​သက်​ပင်​အ​သီး​ဖြစ်၏။ သူ​တစ်​ပါး​တို့၏​စိတ်​ဝိ​ညာဉ်​ကို ရ​သော​သူ​သည်​လည်း ပ​ညာ​ရှိ​ဖြစ်၏။ ဖြောင့်​မတ်​သော​သူ​သော်​လည်း မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​ဒဏ်​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​နှင့် အ​ပြစ်​ထင်​ရှား​သော​သူ​ကို​မူ​ကား၊ အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း။