ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာဆုံးဖြတ်ခြင်း အမှုအရာ၌လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည်လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊ ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊ ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။ ဉာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ပညာရှိဟောပြော၍ နက်နဲသော စကားတို့ကိုလည်းကောင်း၊ နားလည်သော နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။ ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
သုတ္တံ 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 1:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ