YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 1:1-7

သုတ္တံ 1:1-7 JBMLE

ပ​ညာ​တ​ရား၊ နည်း​ဥ​ပ​ဒေ​သ​တ​ရား​ကို​သိ​၍၊ ဉာဏ်​နှင့်​ယှဉ်​သော စ​ကား​ကို နား​လည်​မည်​အ​ကြောင်း၊ ပ​ညာ​သွန်​သင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ​ဆုံး​ဖြတ်​ခြင်း အ​မှု​အ​ရာ၌​လေ့​ကျက်​မည်​အ​ကြောင်း၊ မိုက်​သော​သူ​သည်​လိ​မ္မာ​၍၊ လူ​ပျို​သည် ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ ဒါ​ဝိဒ်၏​သား​တော်​ဖြစ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​စီ​ရင်​သော သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​သည် သု​တ္တံ​စ​ကား​အ​နက်​အ​ဓိ​ပ္ပာယ်​ကို​လည်း​ကောင်း၊ ပ​ညာ​ရှိ​ဟော​ပြော၍ နက်​နဲ​သော စ​ကား​တို့​ကို​လည်း​ကောင်း၊ နား​လည်​သော နိဿ​ရည်း​ဆ​ရာ​အ​ဖြစ်​သို့ ရောက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

​သုတ္တံ 1:1-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။