YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 4:10-20

ဖိလိပ္ပိ 4:10-20 JBMLE

ယ​ခု၌​လည်း သင်​တို့​သည် ငါ့​ကို ကြည့်​ရှု​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​ပြန်​သည်​ဖြစ်၍၊ ငါ​သည် သ​ခင်​ဘု​ရား၌ အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​စေ​တ​နာ​စိတ်​သည် အ​ထက်​က​ရှိ​သော်​လည်း ပြု​စု​ရ​သော​အ​ခွင့် မ​ရှိ​ပြီ။- ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။- ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။- ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။- သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။- အ​ချင်း​ဖိ​လိ​ပ္ပိ​မြို့​သား​တို့၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စ​ပြု၍၊ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​ဆဲ​ရှိ​သော​အ​ခါ အ​လှူ​လှူ​ခြင်း၊ အ​လှူ​ခံ​ခြင်း​အ​မှု၌၊ သင်​တို့​မှ​တစ်​ပါး အ​ဘယ်​အ​သင်း​တော်​မျှ ငါ​နှင့်​မ​ဆက်​ဆံ​ကြ။- သက်​သာ​လော​နိတ်​မြို့၌ ငါ​ရှိ​စဉ်​ပင်၊ ငါ​လို​သော​အ​ရာ​ကို သင်​တို့​သည် နှစ်​ကြိမ်​တိုင်​အောင် ပေး​လိုက်​ကြ၏။- ထို​သို့​ငါ​ဆို​သော်၊ အ​လှူ​ကို ရှာ​သည်​မ​ဟုတ်၊ သင်​တို့၌ ကြွယ်​ဝ​သော​အ​ကျိုး​ကို ရှာ၏။- ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။- ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။- ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

​ဖိလိပ္ပိ 4:10-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။