သို့သော်လည်း ငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။- ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။- ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုလည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ဖိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုလည်းကောင်း၊ သိကျွမ်းခြင်းငှာ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။
ဖိလိပ္ပိ 3 ကိုဖတ်ပါ။
နားထောင်ပါ။ ဖိလိပ္ပိ 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဖိလိပ္ပိ 3:7-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ