YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:12-16

ဖိလိပ္ပိ 3:12-16 JBMLE

ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။ ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။- ထို​ကြောင့် စုံ​လင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဤ​သို့​သော​သ​ဘော​ကို စွဲ​လမ်း​ရ​ကြ​မည်။ သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ၌ သ​ဘော​ခြား​နား​လျှင်၊ ထို​အ​ရာ​ကို​ပင် ဘု​ရား​သ​ခင် ဖော်​ပြ​တော်​မူ​လိမ့်​မည်။- သို့​မ​ဟုတ်​သော်​လည်း၊ ယ​ခု​မီ​သ​မျှ​အ​တိုင်း တစ်​နည်း​တည်း​ကျင့်၍ တစ်​သ​ဘော​တည်း ရှိ​ရ​ကြ​မည်။