YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:8-14

ဖိလိပ္ပိ 3:8-14 JBMLE

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။- ထို​သ​ခင်​ကြောင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို အ​ရှုံး​ခံ​ရ​ပြီ။ သေ​ခြင်း​မှ ထ​မြောက်​သော​အ​ခွင့်​ကို ငါ​ရ​နိုင်​ကောင်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည်​နည်း​တူ၊ ငါ​သည်​လည်း အ​သေ​ခံ၍ ထို​သ​ခင်​ကို​လည်း​ကောင်း၊ ထ​မြောက်​တော်​မူ​ခြင်း၏ တန်​ဖိုး​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​တော်​မူ​ခြင်း​ကို ဆက်​ဆံ၍ ခံ​ခြင်း​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​ငှာ၊ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို မ​ကိုး​စား​ဘဲ၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ရ​သော ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း​အ​တွက်​ကြောင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား​သ​ဖြင့်၊ ခ​ရစ်​တော်​ကို အ​မြတ်​ရ၍ ထို​သ​ခင်၌ တည်​ပါ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စင်​ကဲ့​သို့ ငါ​ထင်​မှတ်၏။ ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။ ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။

​ဖိလိပ္ပိ 3:8-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။