YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 36

36
အိမ်​ထောင်​သည်​အ​မျိုး​သ​မီး​များ​အ​မွေ ခံ​ရာ
1ယော​သပ်​အ​မျိုး​ဖြစ်​သော မ​နာ​ရှေ​နှင့် မာ​ခိ​ရ​တို့​မှ ဆင်း​သက်​သော ဂိ​လဒ်၏​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ မော​ရှေ​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ထံ​သို့​လာ၍၊ 2အ​ကျွန်ုပ်​တို့​သ​ခင်​သည် စာ​ရေး​တံ​ချ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခါ​နာန်​ပြည်​ကို အ​မွေ​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အစ်​ကို ဇ​လော​ဖဒ်၏​အ​မွေ​မြေ​ကို သူ၏​သ​မီး​တို့​အား ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​ပါ၏။#တော၊ ၂၇:၇။ 3ထို​မိန်း​မ​တို့​သည် မိ​မိ​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့် စုံ​ဖက်​လျှင်၊ သူ​တို့​အ​မွေ​မြေ​ကို အ​ကျွန်ုပ်​တို့ မိ​ဘ​အ​စဉ်​အ​ဆက်​အ​မွေ​မှ​နုတ်၍ သူ​တို့​ဝင်​သော​အ​မျိုး၏ အ​မွေ​ထဲ၌​ပါ​သွား​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​အ​မွေ​မြေ​သည် လျော့​ပါ​လိမ့်​မည်။ 4ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​ဝင်​သော​အ​မျိုး၏​အ​မွေ၌ အ​မြဲ​တည်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့၏ မိ​စဉ်​ဘ​ဆက်​အ​မွေ​မှ အ​စဉ်​နုတ်​လျက် ရှိ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။ 5ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မှာ​ထား​လေ​သည်​မှာ၊ ယော​သပ်​အ​မျိုး​သား​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။ 6ဇ​လော​ဖဒ်​သ​မီး​တို့၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် အ​လို​ရှိ​သော​သူ​နှင့် စုံ​ဖက်​ပါ​လေ​စေ။ သို့​ရာ​တွင် မိ​စဉ်​ဘ​ဆက် အ​မျိုး​သား​မှ​တစ်​ပါး၊ အ​ခြား​သူ​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​စေ​နှင့်။ 7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​မွေ​မြေ​သည် တစ်​မျိုး​မှ​တစ်​မျိုး​သို့ မ​ပြောင်း​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့​မိ​စဉ်​ဘ​ဆက်​အ​မွေ​မြေ၌ နေ​ရ​ကြ​မည်။ 8ဣ​သ​ရေ​လ​အ​မျိုး တစ်​စုံ​တစ်​မျိုး၌ အ​မွေ​မြေ​ရှိ​သော​မိန်း​မ​သည် မိ​မိ​တို့​မိ​စဉ်​ဘ​ဆက် အ​မျိုး​သား​နှင့် စုံ​ဖက်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​မိ​စဉ်​ဘ​ဆက် အ​မွေ​မြေ​ကို​ခံ​စား​ရ​ကြ​မည်။ 9အ​မွေ​မြေ​သည် တစ်​မျိုး​မှ​တစ်​မျိုး​သို့ မ​ပြောင်း​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​အ​မွေ​မြေ၌​နေ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။
10ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဇ​လော​ဖဒ်၏​သ​မီး​မာ​လာ၊ 11တိ​ရ​ဇာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ နော​အာ​တို့​သည်​ပြု၍၊ ဘ​ကြီး​သား၊ ဘ​ထွေး​သား​တို့​နှင့် စုံ​ဖက်​ကြ၏။ 12ထို​သို့ ယော​သပ်​တွင်​မြင်​သော မ​နာ​ရှေ​သား​အ​ဆွေ​အ​မျိုး၌ စုံ​ဖက်​ခြင်း​အ​မှု​ကို​ပြု၍၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​မိ​စဉ်​ဘ​ဆက် အ​မျိုး​တည်​နေ၏။ 13ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။
ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ