YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 32

32
ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​အ​နွယ်​များ
(တ​ရား၊ ၃:၁၂-၂၂)
1ရု​ဗင်​အ​မျိုး​သား​နှင့် ဂဒ်​အ​မျိုး​သား​တို့​သည် အ​လွန်​များ​ပြား​သော တိ​ရ​စ္ဆာန်​တို့​နှင့် ကြွယ်​ဝ​သည်​ဖြစ်၍၊ ယာ​ဇာ​ပြည်၊ ဂိ​လဒ်​ပြည်​တို့၌ တိ​ရ​စ္ဆာန်​ကျက်​စား​စ​ရာ​ဖို့ ကောင်း​သည်​ကို​မြင်​ကြ​လျှင်၊ 2မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ အ​စ​ရှိ​သော ပ​ရိ​သတ်​တို့​တွင် မင်း​များ​တို့​ထံ​သို့​လာ၍၊ 3အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊ 4ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။ 5သို့​ဖြစ်၍ ကျွန်​တော်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ ဤ​ပြည်​ကို ကိုယ်​တော် ကျွန်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ဆောင်​တော်​မ​မူ​ပါ​နှင့်​ဟု လျှောက်​ကြ၏။ 6မော​ရှေ​က​လည်း၊ သင်​တို့​သည် ဤ​အ​ရပ်၌​နေ​ရစ်၍၊ သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် စစ်​တိုက်​သွား​ရ​မည်​လော။ 7ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ကူး​မ​သွား​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​ကို အ​ဘယ်​ကြောင့်​ဖျက်​ကြ​သ​နည်း။ 8ပြည်​တော်​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ဘ​တို့​ကို ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​က ငါ​စေ​လွှတ်​သော​အ​ခါ ထို​သို့​ပြု​ကြ၏။ 9ဧ​ရှ​ကော​လ​ချောင်း​သို့​သွား၍ ပြည်​တော်​ကို ကြည့်​မြင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​သွား​မည်​အ​ကြောင်း သူ​တို့​စိတ်​ကို​ဖျက်​ကြ၏။-#တော၊ ၁၃:၁၇-၃၃။ 10-12ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်​လျက်၊ အ​ကယ်​စင်​စစ် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ငါ​ကျိန်​ဆို၍​ပေး​သော​ပြည်​ကို၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​သူ​တို့​တွင် ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​နှင့် နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ငါ့​နောက်​သို့ လုံး​လုံး​မ​လိုက်​သော​ကြောင့်၊ အ​သက် နှစ်​ဆယ်​လွန်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​မြင်​ရ။ ထို​သူ​နှစ်​ယောက်​သာ ထာ​ဝ​ရ​ဘု​ရား​နောက်​သို့ လုံး​လုံး​လိုက်​ကြ​ပြီ​ဟု ကျိန်​ဆို​တော်​မူ၏။ 13ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ကို​ပြု​သော လူ​အ​ပေါင်း​တို့​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​မျက်​ထွက်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​လှည့်​လည်​စေ​တော်​မူ၏။#တော၊ ၁၄:၂၆-၃၅။ 14ယ​ခု​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သာ၍​ပြင်း​စွာ အ​မျက်​တော်​ထွက်​စေ​မည်​အ​ကြောင်း၊ သာ၍​ဆိုး​သော​သူ​တည်း​ဟူ​သော သင်​တို့​သည် သင်​တို့​အ​ဘ​များ​ကိုယ်​စား ပေါ်​ထ​ကြ​ပြီ​တ​ကား။ 15သင်​တို့​သည် နောက်​တော်​သို့​မ​လိုက်​ဘဲ လွှဲ​သွား​ကြ​လျှင်၊ တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တော၌​စွန့်​ပစ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ဤ​လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား​တို့​အား ပြန်​ပြော၏။
16ထို​သူ​တို့​သည်၊ အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်၍၊ ကျွန်​တော်​တို့​သည် ကျွန်​တော်​တို့ တိ​ရ​စ္ဆာန်​များ​အ​ဖို့ ဤ​အ​ရပ်၌​သိုး​ခြံ​တို့​ကို​လည်း​ကောင်း၊ ကျွန်​တော်​တို့ သူ​ငယ်​များ​အ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း တည်​ပါ​မည်။ 17သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ်​သို့ မ​ပို့​မ​ဆောင်​မီ​တိုင်​အောင်၊ ကျွန်​တော်​တို့​သည်​လက်​နက်​ကိုင်​လျက် သူ​တို့​ရှေ့​မှာ​သွား​ပါ​မည်။ ဤ​ပြည်၌ ကျန်​ကြွင်း​သေး​သော လူ​တို့​ကြောင့် ကျွန်​တော်​တို့​သူ​ငယ်​များ​သည် ခိုင်​ခံ့​သော​မြို့၌ နေ​ရ​ပါ​မည်။ 18ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို မ​ဝင်​စား​မီ​တိုင်​အောင် ကျွန်​တော်​တို့​သည် ကိုယ်​အိမ်​သို့​မ​ပြန်​မ​လာ​ပါ။ 19ကျွန်​တော်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ သူ​တို့​နှင့်​အ​တူ အ​မွေ​ကို​မ​တောင်း​မ​ခံ​ပါ။ ကျွန်​တော်​တို့​အ​မွေ​ခံ​ရာ​မြေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ ကျ​ပါ​သည်​ဟု လျှောက်​ပြန်​ကြ၏။ 20မော​ရှေ​က​လည်း၊ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​နက်​ကိုင်​လျက် စစ်​တိုက်​သွား​လျှင်​လည်း​ကောင်း၊ 21ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို ရှေ့​တော်​မှ​နှင်​ထုတ်၍ ထို​ပြည်​ကို အောင်​တော်​မ​မူ​မီ​တိုင်​အောင်၊ 22သင်​တို့​ရှိ​သ​မျှ​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား​လျှင်​လည်း​ကောင်း၊ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့၌ အ​ပြစ်​ကင်း​လွတ်​လျက်၊ ဤ​ပြည်​သို့​ပြန်​လာ၍ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မွေ​ခံ​ရ​ကြ​မည်။ 23ထို​သို့​မ​ပြု​လျှင်​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​ရှိ​သည်​အ​တိုင်း၊ ထို​အ​ပြစ်​သည် သင်​တို့​ကို လိုက်၍​မီ​လိမ့်​မည်။ 24သူ​ငယ်​များ​အ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ သိုး​များ​အ​ဖို့ သိုး​ခြံ​တို့​ကို​လည်း​ကောင်း တည်​လုပ်​ကြ​လော့။ ယ​ခု​ပြော​သ​မျှ​အ​တိုင်း ပြု​ကြ​လော့​ဟု​ဆို​လျှင်၊ 25ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​တို့​က၊ ကိုယ်​တော်​ကျွန်​တို့​သည် သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။ 26ကျွန်​တော်​တို့​မ​ယား သား​သူ​ငယ်​များ​နှင့် သိုး​နွား​အ​လုံး​စုံ​တို့​သည် ဤ​အ​ရပ်၊ ဂိ​လဒ်​မြို့​တို့၌ နေ​ရစ်​ရ​ပါ​မည်။ 27ကိုယ်​တော်​ကျွန်​အ​ပေါင်း​တို့​မူ​ကား၊ သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စစ်​တိုက်​ခြင်း​ငှာ ကူး​သွား​ပါ​မည်​ဟု လျှောက်​ထား​ကြ၏။ 28ထို​အ​မှု​ကြောင့်၊ မော​ရှေ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​တို့​ကို ခေါ်၍၊#ယော​ရှု၊ ၁:၁၂-၁၅။ 29ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​သီး​အ​သီး​လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား၍၊ သင်​တို့​သည် ထို​ပြည်​ကို​အောင်​ပြီး​လျှင်၊ ထို​အ​မျိုး​သား​တို့​အား ဂိ​လဒ်​ပြည်​ကို အ​ပိုင်​ပေး​ရ​ကြ​မည်။ 30သို့​မ​ဟုတ် သူ​တို့​သည် လက်​နက်​ကိုင်​လျက် သင်​တို့​နှင့်​အ​တူ​မ​ကူး​မ​သွား​လျှင်၊ ခါ​နာန်​ပြည်၌ သင်​တို့​တွင် ကိုယ်​ပိုင်​ရာ​မြေ​ကို​ခံ​ယူ​ရ​ကြ​မည်​ဟု မှာ​ထား​လေ၏။ 31ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ကျွန်​တော်​တို့​သည် ပြု​ကြ​ပါ​မည်။ 32ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကျွန်​တော်​တို့​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခါ​နာန်​ပြည်​သို့ ကူး​သွား​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။ 33ထို​အ​ခါ​မော​ရှေ​သည် အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏ နိုင်​ငံ​ဆိုင်​သ​မျှ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​ဆိုင်​သ​မျှ​သော နယ်​မြေ​မြို့​ရွာ​တို့​ကို ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား၊ ယော​သပ်၏​သား မ​နာ​ရှေ​မှ​ဆင်း​သက်​သော မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်၌ အပ်​ပေး​လေ၏။
34ဂဒ်​အ​မျိုး​သား​တို့​သည် ဒိ​ဗုန်၊ အ​တ​ရုတ်၊ အာ​ရော်၊ 35အာ​တ​ရုတ်၊ ရှော​ဖန်၊ ယာ​ဇာ၊ ယု​မ္ဘေ​ဟ၊ 36ဗက်​နိ​မ​ရာ၊ ဗေ​သာ​ရန်​မြို့​များ​ကို​လည်း​ကောင်း၊ သိုး​ခြံ​များ​ကို​လည်း​ကောင်း တည်​လုပ်​ကြ၏။ 37ရု​ဗင်​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ကိ​ရ​ယ​သိမ်၊ 38နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။ 39မ​နာ​ရှေ​မှ​ဆင်း​သက်​သော မာ​ခိ​ရ​အ​မျိုး​သား​တို့​သည်၊ ဂိ​လဒ်​မြို့​သို့ သွား၍​သိမ်း​ယူ​ပြီး​လျှင်၊ အ​ရင်​မြို့​သား အာ​မော​ရိ​လူ​တို့​ကို နှင်​ထုတ်​ကြ၏။ 40မော​ရှေ​သည် ဂိ​လဒ်​မြို့​ကို မ​နာ​ရှေ၏​သား မာ​ခိ​ရ​အ​မျိုး​သား​တို့​အား​ပေး၍ သူ​တို့​သည်​နေ​ကြ၏။ 41မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်​လည်း​သွား၍ ဂိ​လဒ်​ရွာ​များ​ကို​သိမ်း​ယူ​ပြီး​မှ၊ ဟာ​ဝုတ်​ယာ​ဣ​ရ​အ​မည်​ဖြင့် သ​မုတ်​လေ၏။ 42နော​ဗာ​သည်​လည်း​သွား၍ ကေ​နတ်​မြို့​ရွာ​တို့​ကို​သိမ်း​ယူ​ပြီး​မှ၊ မိ​မိ​အ​မည်​ဖြင့် နော​ဗာ​မြို့​ဟု​သ​မုတ်​လေ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 32: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ