YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 30

30
သ​စ္စာ​ပြု​ခြင်း​ပ​ညတ်​များ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို မော​ရှေ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​အား ဆင့်​ဆို​သည်​ကား၊ 2လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။#တရား၊ ၂၃:၂၁-၂၃၊ မ၊ ၅:၃၃။
3မိန်း​မ​သည် အ​ဘ​အိမ်၌​အ​သက်​ငယ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ 4ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို အ​ဘ​သည်​ကြား​လျက် တိတ်​ဆိတ်​စွာ​နေ​လျှင် ထို​သ​စ္စာ​စ​ကား​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော စ​ကား​ဟူ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။ 5သို့​မ​ဟုတ် အ​ဘ​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား​မည်​မျှ၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ အ​ဘ​မြစ်​တား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား လွှတ်​တော်​မူ​မည်။
6မိန်း​မ​သည် လင်​ရှိ​လျက်၊ သ​စ္စာ​က​တိ​ပြု၍ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ငှာ နှုတ်​မြွက်​သော​အ​ခါ၊ 7လင်​သည်​ကြား​လျှင်​လည်း​ကောင်း၊ ကြား​သော​နေ့၌ တိတ်​ဆိတ်​စွာ​နေ​လျှင်​လည်း​ကောင်း၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား တည်​ရ​မည်။ 8သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။
9လင်​သေ​သော​မိန်း​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ​သည် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော သ​စ္စာ​က​တိ​အ​လုံး​စုံ​တို့​သည် တည်​ရ​ကြ​မည်။ 10လင်​အိမ်၌​ရှိ​စဉ်​အ​ခါ၊ သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကျိန်​ဆို​ခြင်း​အား​ဖြင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော်​လည်း​ကောင်း၊ 11လင်​သည်​ကြား​သော်​လည်း မ​မြစ်​တား တိတ်​ဆိတ်​စွာ​နေ​လျှင်၊ ထို​သ​စ္စာ​က​တိ​ရှိ​သ​မျှ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ရှိ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။ 12သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ ရှင်း​ရှင်း​ပယ်​ဖျက်​လျှင်၊ သ​စ္စာ​က​တိ​နှင့်​လည်း​ကောင်း၊ စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ လင်​သည် ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။ 13ခပ်​သိမ်း​သော​သ​စ္စာ​က​တိ၊ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​နှင့် ဆိုင်​သ​မျှ​သော အ​ချည်​အ​နှောင်​ကျိန်​ဆို​ခြင်း​တို့​ကို၊ လင်​သည် တည်​စေ​ပိုင်​သော​အ​ခွင့်၊ ပယ်​ပိုင်​သော​အ​ခွင့် ရှိ၏။ 14လင်​သည် တစ်​နေ့​ထက်​တစ်​နေ့ တိတ်​ဆိတ်​စွာ​နေ​လျှင်၊ မ​ယား​ပြု​သော သ​စ္စာ​က​တိ​ရှိ​သ​မျှ​တို့​နှင့် မ​ယား၌ ချည်​နှောင်​ခြင်း​ရှိ​သ​မျှ​တို့​ကို တည်​စေ၏။ ကြား​သော​နေ့၌ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့် တည်​စေ​ပြီ။ 15ထို​စ​ကား​ကို ကြား​သော​နေ့​နောက်​မှ၊ လင်​သည် ပယ်​အံ့​သော​ငှာ​ပြု​လျှင်၊ မ​ယား​အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။ 16ဤ​ရွေ့​ကား၊ မ​ယား​နှင့် လင်​စပ်​ကြား၌​လည်း​ကောင်း၊ အ​ဘ​အိမ်​မှာ အ​သက်​နု​ငယ်​သော​သ​မီး​နှင့် အ​ဘ​စပ်​ကြား၌​လည်း​ကောင်း၊ မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ