YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 27:1-11

တောလည်ရာ 27:1-11 JBMLE

ထို​အ​ခါ ယော​သပ်၏​သား၊ မ​နာ​ရှေ​အ​ဆွေ​အ​မျိုး၌​ပါ​လျက်၊ မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖေ​ရ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၏​သ​မီး မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တို့​သည်​လာ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ မင်း​များ၊ ပ​ရိ​သတ်​များ​အ​ပေါင်း​တို့​ရှေ့​မှာ ရပ်​လျက်၊ အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။ ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။ သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဇ​လော​ဖဒ်​သ​မီး​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။ အ​ကယ်​စင်​စစ် သူ​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို သူ​တို့​အား​ပေး​ရ​မည်။ သူ​တို့​အ​ဘ၏ အ​မွေ​ဥ​စ္စာ​သည် သူ​တို့​လက်​သို့​ရောက်​စေ​ရ​မည်။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ လူ​သည် သား​ယောက်ျား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​အ​မွေ​ဥ​စ္စာ​ကို သူ၏​သ​မီး​လက်​သို့ ရောက်​စေ​ရ​မည်။ သ​မီး​မ​ရှိ​လျှင်၊ သူ၏​အ​မွေ​ဥ​စ္စာ​ကို သူ၏​ညီ​အစ်​ကို​တို့​အား ပေး​ရ​မည်။ ညီ​အစ်​ကို​မ​ရှိ​လျှင်၊ အ​မွေ​ဥ​စ္စာ​ကို ဘ​ကြီး​ဘ​ထွေး​တို့​အား ပေး​ရ​မည်။ ဘ​ကြီး​ဘ​ထွေး​မ​ရှိ​လျှင်၊ သူ၏​အ​ဆွေ​အ​မျိုး၌ နီး​စပ်​ရင်း​ခြာ​သော ပေါက်​ဖော်​အား​ပေး၍၊ ထို​သူ​သည်​ပိုင်​ရ​မည်။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။