YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 27

27
ဇ​လော​ဖဒ်​၏​သ​မီး​များ
1ထို​အ​ခါ ယော​သပ်၏​သား၊ မ​နာ​ရှေ​အ​ဆွေ​အ​မျိုး၌​ပါ​လျက်၊ မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖေ​ရ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၏​သ​မီး မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တို့​သည်​လာ၍၊ 2ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ မင်း​များ၊ ပ​ရိ​သတ်​များ​အ​ပေါင်း​တို့​ရှေ့​မှာ ရပ်​လျက်၊ 3အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။ 4ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။ 5သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။ 6ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဇ​လော​ဖဒ်​သ​မီး​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။ 7အ​ကယ်​စင်​စစ် သူ​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို သူ​တို့​အား​ပေး​ရ​မည်။ သူ​တို့​အ​ဘ၏ အ​မွေ​ဥ​စ္စာ​သည် သူ​တို့​လက်​သို့​ရောက်​စေ​ရ​မည်။#တော၊ ၃၆:၂။ 8သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ လူ​သည် သား​ယောက်ျား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​အ​မွေ​ဥ​စ္စာ​ကို သူ၏​သ​မီး​လက်​သို့ ရောက်​စေ​ရ​မည်။ 9သ​မီး​မ​ရှိ​လျှင်၊ သူ၏​အ​မွေ​ဥ​စ္စာ​ကို သူ၏​ညီ​အစ်​ကို​တို့​အား ပေး​ရ​မည်။ 10ညီ​အစ်​ကို​မ​ရှိ​လျှင်၊ အ​မွေ​ဥ​စ္စာ​ကို ဘ​ကြီး​ဘ​ထွေး​တို့​အား ပေး​ရ​မည်။ 11ဘ​ကြီး​ဘ​ထွေး​မ​ရှိ​လျှင်၊ သူ၏​အ​ဆွေ​အ​မျိုး၌ နီး​စပ်​ရင်း​ခြာ​သော ပေါက်​ဖော်​အား​ပေး၍၊ ထို​သူ​သည်​ပိုင်​ရ​မည်။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။
ယော​ရှု​ကို​ရွေး​ကောက်​ခြင်း
(တ​ရား၊ ၃၁:၁-၈)
12တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဤ​အာ​ဗ​ရိမ်​တောင်​ပေါ်​သို့ တက်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်​ရှု​လော့။ 13သို့​ပြီး​မှ၊ သင်၏​အစ်​ကို​အာ​ရုန်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​သ​ကဲ့​သို့၊ သင်​သည်​လည်း​သွား​ရ​မည်။ 14အ​ကြောင်း​မူ​ကား၊ ပ​ရိ​သတ်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​အ​ရပ်၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ရုန်း​ရင်း​ခတ်​ပြု​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​စ​ကား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ သူ​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော အ​ပြစ်​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။#တရား၊ ၃:၂၃-၂၇၊ ၃၂:၄၈-၅၂။ 15-17မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တို့​သည် အ​ထိန်း​မ​ရှိ​သော သိုး​ကဲ့​သို့ မ​ဖြစ်​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​ပ​ရိ​သတ်​တို့​ရှေ့၌ ထွက်​ဝင်​နိုင်​သော​သူ၊ ပြင်​သို့​ထုတ်​ခြင်း၊ အ​တွင်း​သို့​သွင်း​ခြင်း​အ​မှု​ကို တတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို သူ​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​ပါ​စေ​သော​ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​လေ၏။#၃ ရာ၊ ၂၂:၁၇၊ ယေဇ၊ ၃၄:၅၊ မ၊ ၉:၃၆၊ မာ၊ ၆:၃၄။ 18ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဝိ​ညာဉ်​တော်​ကို​ရ​သော နုန်၏​သား​ယော​ရှု​ကို​ခေါ်၍၊ သင်၏​လက်​ကို သူ့​အ​ပေါ်​မှာ​တင်​လော့။#ထွ၊ ၂၄:၁၃။ 19ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။ 20ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ သူ၏​စ​ကား​ကို နား​ထောင်​မည်​အ​ကြောင်း၊ သင်၏​ဘုန်း​အ​သ​ရေ​အ​ချို့​ကို သူ့​အ​ပေါ်၌​တင်​ထား​လော့။ 21-22ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊#ထွ၊ ၂၈:၃၀၊ ၁ ရာ၊ ၁၄:၄၁၊ ၂၈:၆။ 23သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။#တရား၊ ၃၁:၂၃။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ