YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 20

20
ကျောက်​ထဲ​မှ​ရေ
(ထွ၊ ၁၇:၁-၇)
1သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ထ​မ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဇိ​န​တော​သို့​ရောက်၍၊ ကာ​ဒေ​ရှ​အ​ရပ်၌ နေ​ကြ၏။ ထို​အ​ရပ်၌ မိ​ရိ​အံ​သေ၍ သင်္ဂြိုဟ်​လေ၏။ 2ပ​ရိ​သတ်​တို့ သောက်​စ​ရာ​ရေ​မ​ရှိ​သော​ကြောင့်၊ မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​လျက်၊#ထွ၊ ၁၇:၁-၇။ 3ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငါ​တို့​အစ်​ကို​များ​သေ​သော​အ​ခါ၊ ငါ​တို့​လည်း​မ​သေ​ပါ​လေ။ 4ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။ 5ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​စေ၍၊ ဤ​ဆိုး​သော​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ ဤ​အ​ရပ်​သည် လယ်​လုပ်​စ​ရာ​မ​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်၊ စ​ပျစ်​နွယ်​ပင်၊ သ​လဲ​ပင် စိုက်​စ​ရာ​မ​ကောင်း။ သောက်​စ​ရာ​ရေ​မျှ​မ​ရှိ​ဟု မော​ရှေ​ကို​အ​ပြစ်​တင်၍ ဆို​ကြ၏။ 6မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။ 7ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ 8လှံ​တံ​တော်​ကို​ကိုင်​ယူ၍ သင်၏​အစ်​ကို​အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​များ​ကို စု​ဝေး​စေ​လော့။ သူ​တို့​ရှေ့​မှာ ကျောက်​ကို​မှာ​ထား​လော့။ ကျောက်​သည် မိ​မိ​ရေ​ကို​ပေး​လိ​မ့်​မည်။ ထို​သို့​သင်​သည်​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ၍၊ ပ​ရိ​သတ်​များ​နှင့် သူ​တို့​တိ​ရ​စ္ဆာန်​များ​တို့​အား သောက်​ဖို့​ရေ​ကို​ပေး​ရ​မည်​ဟု၊ 9မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လှံ​တံ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​က​ယူ၍၊ 10အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​တို့​ကို​ကျောက်​ရှေ့​မှာ စု​ဝေး​စေ​ပြီး​လျှင်၊ အ​ချင်း​သူ​ပုန်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​သည်​သင်​တို့​အ​ဖို့ ဤ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​ရ​မည်​လော​ဟု ဆို​လျက်၊ 11မိ​မိ​လက်​ကို​ဆန့်၍ ကျောက်​ကို​လှံ​တံ​နှင့် နှစ်​ကြိမ်​ရိုက်​သ​ဖြင့်၊ ရေ​သည် များ​စွာ​ထွက်၍၊ လူ​ပ​ရိ​သတ်​တို့​နှင့် တိ​ရ​စ္ဆာန်​တို့​သည် သောက်​ရ​ကြ၏။
12ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​ကြောင့်၊ ဤ​ပ​ရိ​သတ်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​သည် ပို့​ဆောင်​သော​အ​ခွင့်​ကို​မ​ရ​ကြ​ဟု မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ၏။ 13ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု​သော်​လည်း၊ သူ​တို့​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို ခံ​တော်​မူ​သော​ကြောင့်၊ ထို​ရေ​သည် မေ​ရိ​ဘ​ရေ​ဖြစ်​သ​တည်း။
ဖြတ်​သန်း​ခွင့်​ကို​ဧ​ဒုံ​ပြည်​ငြင်း​ဆန်​ခြင်း
14မော​ရှေ​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ကိုယ်​တော့်​ညီ ဣ​သ​ရေ​လ​က၊ အ​ကျွန်ုပ်​တို့​တွေ့​ရ​သော အ​မှု​အ​လုံး​စုံ​တည်း​ဟူ​သော၊ 15အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှာ ကာ​လ​ကြာ​မြင့်​စွာ​နေ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​နှင့် ဘိုး​ဘေး​များ​ကို​ညှဉ်း​ဆဲ​ကြောင်း၊ 16အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ အ​ကျွန်ုပ်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။ ယ​ခု​မှာ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​နိုင်​ငံ​အ​စွန်​အ​နား၊ ကာ​ဒေ​ရှ​အ​ရပ်၌​ရှိ​ကြ​ပါ၏။ 17ကိုယ်​တော့်​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို မ​နင်း​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ ကိုယ်​တော့်​ပြည်​နယ်​ကို မ​လွန်​မီ​တိုင်​အောင်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု တောင်း​ပန်​စေ၏။ 18ဧ​ဒုံ​က​လည်း၊ သင်​သည်​ငါ့​ပြည်​အ​လယ်၌ မ​လျှောက်​မ​သွား​ရ။ လျှောက်​သွား​လျှင်၊ ဓား​လက်​နက်​နှင့် ဆီး​တား​မည်​ဟု​ပြန်​ပြော၏။ 19ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်။ ကိုယ်​တိုင်​မှ​စ၍ တိ​ရ​စ္ဆာန်​တို့​သည် ကိုယ်​တော့်​ရေ​ကို​သောက်​လျှင် အ​ဖိုး​ကို​ပေး​ပါ​မည်။ အ​ခြား​သော​အ​မှု​ကို​မ​ပြု​ဘဲ၊ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု ဆို​သော်​လည်း၊ 20ဧ​ဒုံ​က၊ သင်​သည်​လျှောက်၍​မ​သွား​ရ​ဟု ဆို​လျက်၊ များ​စွာ​သော ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ဆီး​တား​ခြင်း​ငှာ​ထွက်​လာ၏။ 21ထို​သို့​ဧ​ဒုံ​သည် သူ၏​ပြည်​အ​လယ်၌ လျှောက်​သွား​သော​အ​ခွင့်​ကို ဣ​သ​ရေ​လ​အား မ​ပေး​သော​ကြောင့်၊ ဣ​သ​ရေ​လ​သည် လွှဲ​ရှောင်​လေ၏။
အာ​ရုန်​အ​နိ​စ္စ​ရောက်​ခြင်း
22ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ​ပြောင်း၍ ဟော​ရ​တောင်​သို့​ရောက်​ကြ၏။ 23ဧ​ဒုံ​ပြည်​စွန်​နား၊ ဟော​ရ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​တို့​ကို​ခေါ်၍၊ 24သင်​တို့​သည် မေ​ရိ​ဘ​စမ်း​ရေ​နား​မှာ ငါ့​စ​ကား​ကို​ဆန့်​ကျင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာ​ရုန်​သည်​မ​ဝင်​ရ။ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်။ 25သို့​ဖြစ်၍ အာ​ရုန်​နှင့် သူ၏​သား​ဧ​လာ​ဇာ​ကို​ခေါ်၍ ဟော​ရ​တောင်​ပေါ်​သို့ ဆောင်​သွား​ပြီး​လျှင်၊ 26အာ​ရုန်၏​အ​ဝတ်​ကို​ချွတ်၍ သူ၏​သား​ဧ​လာ​ဇာ​ကို ဝတ်​စေ​ပြီး​မှ၊ အာ​ရုန်​သည် ထို​အ​ရပ်၌​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်​ဟု၊ 27မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​ပြု၍၊ သူ​တို့​သည်​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဟော​ရ​တောင်​ပေါ်​သို့ တက်​ကြ၏။ 28မော​ရှေ​သည် အာ​ရုန်၏​အ​ဝတ်​ကို​ချွတ်၍ သား​ဧ​လာ​ဇာ​ကို​ဝတ်​စေ​ပြီး​မှ၊ အာ​ရုန်​သည် တောင်​ထိပ်၌ သေ​လေ၏။ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် တောင်​ပေါ်​က ဆင်း​လာ​ကြ၏။#ထွ၊ ၂၉:၂၉၊ တော၊ ၃၃:၃၈၊ တရား၊ ၁၀:၆။ 29အာ​ရုန်​သည် အ​နိ​စ္စ​ရောက်​ကြောင်း​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​မြင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည်၊ အာ​ရုန်​အ​တွက် အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ