YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 2

2
အ​နွယ်​လိုက်​စ​ခန်း​ချ​ပုံ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ 2ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ မိ​မိ​အ​ဆွေ​အ​မျိုး​နှင့်​ဆိုင်​သော​အ​လံ​အ​နား​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို ရှေ့​ရှု​ပြု၍​နေ​ရာ​ချ​ရ​မည်။ 3နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 4သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။ 5ယု​ဒ​တပ်​အ​နား​မှာ၊ ဣ​သ​ခါ​တပ်​ချ၍ ဇု​အာ​သား​နာ​သ​နေ​လ​သည် ဣ​သ​ခါ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 6သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​လေး​ထောင်​လေး​ရာ ရှိ​သ​တည်း။ 7ထို​နောက်၊ ဇာ​ဗု​လုန်​တပ်​ချ၍ ဟေ​လုန်​သား​ဧ​လျာ​ဘ​သည်၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 8သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​ခု​နစ်​ထောင်​လေး​ရာ ရှိ​သ​တည်း။ 9ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား တစ်​သိန်း​ရှစ်​သောင်း​ခြောက်​ထောင်​လေး​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် တပ်​ဦး​အ​ရာ၌​ချီ​ရ​ကြ​မည်။
10တောင်​မျက်​နှာ၌၊ ရု​ဗင်​တပ်​အ​လုံး​အ​ရင်း​သည် ရု​ဗင်​အ​လံ​ကို​ထူ၍ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ရု​ဗင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 11သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​သ​တည်း။ 12ရု​ဗင်​တပ်​အ​နား​မှာ ရှိ​မောင်​တပ်​ချ၍ ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ​သည်၊ ရှိ​မောင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 13သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​ကိုး​ထောင်​သုံး​ရာ ရှိ​သ​တည်း။ 14ထို​နောက် ဂဒ်​တပ်​ချ၍၊ ဒွေ​လ​သား​ဧ​လျာ​သပ်​သည်၊ ဂဒ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 15သူ​အုပ်​ရ​သော အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ​ငါး​ဆယ် ရှိ​သ​တည်း။ 16ရု​ဗင်​တပ်​နှင့်​ဆိုင်​သော အ​လုံး​အ​ရင်း​အ​ရေ​အ​တွက်​ကား တစ်​သိန်း ငါး​သောင်း​တစ်​ထောင်​လေး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။ ဤ​သူ​တို့​သည် ဒု​တိ​ယ​တပ်​အ​ရာ၌ ချီ​ရ​ကြ​မည်။
17ထို​အ​ခါ၊ တပ်​မ​အ​လယ်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့်​တ​ကွ လေ​ဝိ​တပ်​ချီ​ရ​မည်။ တပ်​ချ​သည်​အ​တိုင်း လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​နေ​ရာ၌ မိ​မိ​ဆိုင်​သော​အ​လံ​နှင့်​အ​တူ လိုက်​လျက်​ချီ​ရ​ကြ​မည်။
18အ​နောက်​မျက်​နှာ၌ ဧ​ဖ​ရိမ်​တပ်​အ​လုံး​အ​ရင်း​သည်၊ ဧ​ဖ​ရိမ်​အ​လံ​ကို​ထူ၍ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည်၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 19သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ငါး​ရာ​ရှိ​သ​တည်း။ 20ဧ​ဖ​ရိမ်​တပ်​အ​နား​မှာ မ​နာ​ရှေ​တပ်​ချ၍၊ ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ​သည်၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 21သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ သုံး​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​သ​တည်း။ 22ထို​နောက်​ဗင်္ယာ​မိန်​တပ်​ချ၍၊ ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​သည်၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 23သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ သုံး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​သ​တည်း။ 24ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ တစ်​သိန်း​ရှစ်​ထောင်​တစ်​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် တ​တိ​ယ​တပ်​အ​ရာ၌ ချီ​ရ​ကြ​မည်။
25တပ်​များ​မြောက်​မျက်​နှာ၌၊ ဒန်​တပ်​အ​လုံး​အ​ရင်း​သည် ဒန်​အ​လံ​ကို​ထူ၍ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ​သည်၊ ဒန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 26သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ခြောက်​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။ 27ဒန်​တပ်​အ​နား​မှာ၊ အာ​ရှာ​တပ်​ချ၍ ဩ​က​ရန်​သား​ပါ​ဂျေ​လ​သည်၊ အာ​ရှာ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 28သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​တစ်​ထောင်​ငါး​ရာ ရှိ​သ​တည်း။ 29ထို​နောက်၊ နဿ​လိ​တပ်​ချ၍ ဧ​နန်​သား​အ​ဟိ​ရ​သည်၊ နဿ​လိ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။ 30သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​သ​တည်း။ 31ဒန်​တပ်​နှင့်​ဆိုင်​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ တစ်​သိန်း​ငါး​သောင်း​ခု​နစ်​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် မိ​မိ​တို့​အ​လံ​ပါ​လျက် နောက်​ဆုံး​တပ်​အ​ရာ၌ ချီ​ရ​ကြ​မည်။
32ထို​သို့​နှင့်​အ​ညီ၊ အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​အ​တွက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တပ် အ​လုံး​အ​ရင်း​လူ​ပေါင်း​ကား၊ ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။ 33ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော၍​မ​ရေ​တွက်​ရ။ 34ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​အ​လံ​အ​နား​မှာ မိ​မိ​နေ​ရာ​ချ​ခြင်း​ကို​လည်း​ကောင်း၊ မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ချီ​ခြင်း​ကို​လည်း​ကောင်း ပြု​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ