YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 18:8-32

တောလည်ရာ 18:8-32 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။ မီး​သို့​မ​ရောက်၊ သန့်​ရှင်း​သော​အ​ရာ​ထဲ​က သင်​တို့​ဆိုင်​သော​အ​ရာ​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော​ဥ​စ္စာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ပူ​ဇော်​လေ​သ​မျှ​တို့​သည် သင်​နှင့် သင်၏​သား​တို့​အ​ဖို့ သန့်​ရှင်း​ရ​ကြ​မည်။ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​မည်။ ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။ သင်​တို့​အ​ဖို့ သန့်​ရှင်း​ပေ၏။ ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပူ​ဇော်​သော ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​တို့​ကို၊ သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ် တ​ရား​အား​ဖြင့်​ငါ​ပေး​ပြီ။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ရွေး၍ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​မျှ အ​ကောင်း​ဆုံး​သော​ဆီ၊ အ​ကောင်း​ဆုံး​သော​စ​ပျစ်​ရည်၊ အ​ကောင်း​ဆုံး​သော​ဂျုံ​စ​ပါး​ကို သင်​တို့​အား​ငါ​ပေး​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ အ​ဦး​မှည့်​သော​သစ်​သီး​ကို​လည်း သင်​ဆိုင်​ရ​မည်။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သင်​ဆိုင်​ရ​မည်။ အ​ဦး​ဖွား​သော​သား၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ​တို့​ကို သင်​ဆိုင်​ရ​မည်။ သို့​ရာ​တွင် လူ၏​သား​ဦး​နှင့် မ​စင်​ကြယ်​သော တိ​ရ​စ္ဆာန်၏​သား​ဦး​ကို အ​မှန်​ရွေး​ရ​မည်။ ရွေး​ရ​သော​သား​တို့​ကို အ​သက်​တစ်​လ​လွန်​မှ၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ဂေ​ရ​နှစ်​ဆယ်​နှင့်​မျှ​သော အ​ကျပ်​တော်​အ​လိုက် ငွေ​ငါး​ကျပ်​နှင့်​ရွေး​ရ​မည်။ နွား​သား​ဦး၊ သိုး​သား​ဦး၊ ဆိတ်​သား​ဦး​သည် သန့်​ရှင်း​သော​ကြောင့်​မ​ရွေး​ရ။ သူ၏​အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​ရ​မည်။ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ၍၊ မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ အ​သား​မူ​ကား ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ၏​ရင်​ပတ်​နှင့် လက်​ယာ​ပ​ခုံး​ကဲ့​သို့ သင့်​အ​ဖို့ ဖြစ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ခဲ့​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​ကို သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး​ပြီ။ သင်​အ​စ​ရှိ​သော သင်၏​အ​မျိုး​အ​နွယ်​နှင့်​ဆိုင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆား​နှင့်​ယှဉ်​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နေ​ရာ​ပြည်၌ သင့်​အ​မွေ​ခံ​ရာ​မြေ၊ သူ​တို့​နှင့်​ရော၍ ပိုင်​သော​အ​ဖို့​မ​ရှိ​ရ။ ငါ​သည်​ကား သူ​တို့​တွင်​သင်​ပိုင်​သော​အ​ဖို့ သင့်​အ​မွေ​ဥ​စ္စာ​ဖြစ်၏။ လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​သော​ကြောင့်၊ သူ​တို့​အ​မွေ​ခံ​စ​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ငါ​ပေး​ပြီ။ ယ​ခု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ၍ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​နီး​အ​ပါး​သို့ မ​ချဉ်း​မ​ကပ်​ရ​ကြ။ လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်၍၊ ကိုယ်​အ​ပြစ်​ကို ကိုယ်​ခံ​ရ​ကြ​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ကြ​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​သော ကိုယ်​ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို၊ လေ​ဝိ​သား​အ​မွေ​ခံ​စ​ရာ​ဖို့ ငါ​ပေး​ပြီ။ ထို​ကြောင့် သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ဟု ငါ့​အ​မိန့်​တော်​ရှိ၏။ တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် လေ​ဝိ​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​အ​မွေ​ခံ​စ​ရာ​ငါ​ပေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့​သည်​ခံ​ယူ​သော​အ​ခါ၊ ထို​အ​ဖို့​ကို ဆယ်​ဖို့​ဖို့​ပြန်၍ တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။ ထို​ပူ​ဇော်​သ​ကာ​ကို၊ ကောက်​နယ်​တ​လင်း​ထဲ​က​ယူ​သော ဆန်​စ​ပါး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က​ယူ​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​မှတ်​ရ​လိမ့်​မည်။ ထို​သို့​သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ​ခံ​ယူ​သော ဆယ်​ဖို့​တစ်​ဖို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။ ထို​ပူ​ဇော်​သ​ကာ​ကို​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အား လှူ​ရ​ကြ​မည်။ သင်​တို့​ခံ​ရ​သ​မျှ​သော အ​လှူ​တို့​အ​ထဲ​က အ​ကောင်း​ဆုံး​သော​အ​ဖို့ သန့်​ရှင်း​သော​အ​ဖို့​ကို​နုတ်​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။ သို့​ဖြစ်၍ သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ လေ​ဝိ​သား​တို့​သည် အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​ကို ကောက်​နယ်​တ​လင်း၏​ကျေး​ဇူး၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း၏​ကျေး​ဇူး​ကဲ့​သို့ မိ​မိ​တို့​အ​ဖို့ မှတ်​ရ​လိမ့်​မည်။ ထို​ကြွင်း​သော​အ​ဖို့​ကို၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် စား​ချင်​သော​အ​ရပ်​ရပ်၌ စား​ရ​သော​အ​ခွင့်​ရှိ၏။ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ အ​မှု​စောင့်​သော​အ​တွက် ငါ​ချ​သော​ဆု​ဖြစ်၏။ အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​အား​ဖြင့် အ​ပြစ်​ရောက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ညစ်​ညူး​စေ​ရ​ဟု မိန့်​တော်​မူ၏။