YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 17

17
အာ​ရုန်​၏​တောင်​ဝှေး
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ပြီး​မှ၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဣ​သ​ရေ​လ​ဆယ်​နှစ်​မျိုး၌ မင်း​ပြု​သော​သူ​အ​သီး​အ​သီး​ပေး​ရ​သော လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို​ယူ၍၊ လူ​တိုင်း​အ​မည်​ကို သူ့​လှံ​တံ​ပေါ်​မှာ ရေး​ထား​လော့။ 3လေ​ဝိ​အ​မျိုး၏​လှံ​တံ​ပေါ်​မှာ အာ​ရုန်​အ​မည်​ကို ရေး​ထား​လော့။ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ​ရှိ​ရ​မည်။ 4ထို​လှံ​တံ​တို့​ကို ငါ​ဗျာ​ဒိတ်​ပေး​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ သက်​သေ​ခံ​ချက်​ရှေ့​မှာ တင်​ထား​လော့။ 5ငါ​ရွေး​ကောက်​သော​သူ၏ လှံ​တံ​သည် အ​ပွင့်​ပွင့်​လိမ့်​မည်။ ထို​သို့​ပြု​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်၌​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို နောက်​တစ်​ဖန် ငါ​နား​မ​ငြီး​ရာ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 6မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍၊ မင်း​အ​ပေါင်း​တို့​သည် ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ မင်း​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို ပေး​ကြ၏။ အာ​ရုန်၏​လှံ​တံ​သည် လှံ​တံ​များ၌​ပါ​သ​တည်း။ 7မော​ရှေ​သည် ထို​လှံ​တံ​တို့​ကို သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တင်​ထား​လေ၏။ 8နက်​ဖြန်​နေ့၌ သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း​သို့ မော​ရှေ​ဝင်​သော​အ​ခါ၊ လေ​ဝိ​အ​မျိုး​နှင့်​ဆိုင်​သော အာ​ရုန်၏​လှံ​တံ​သည် အ​ရွက်​ထွက်​လျက်၊ ငုံ​လျက်၊ ပွင့်​လျက်၊ ဗာ​တံ​သီး​ကို​သီး​လျက် ရှိ၏။ 9မော​ရှေ​သည် လှံ​တံ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​သို့ ထုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည်​ကြည့်​ရှု၍၊ လူ​တိုင်း​မိ​မိ​လှံ​တံ​ကို ယူ​ပြန်​လေ၏။ 10ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပုန်​ကန်​သော​သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်၏​လှံ​တံ​ကို သက်​သေ​ခံ​ချက်​ရှေ့၌ ပြန်​ထား၍ အ​မြဲ​ရှိ​စေ​လော့။ ထို​သို့ သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို ငါ​နား​မ​ငြီး​ရာ​ဟု၊#ဟေ​ဗြဲ၊ ၉:၄။ 11မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​ပြု​လေ၏။ 12ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သေ​ကြေ​ပျက်​စီး​ကြ​ပါ၏။ တစ်​ယောက်​မျှ​မ​ကြွင်း ပျက်​စီး​ရ​ကြ​ပါ၏။ 13ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို ချဉ်း​ကပ်​သော​သူ​တိုင်း သေ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် သေ​ဘေး​သင့်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​ဦး​မည်​လော​ဟု မော​ရှေ​အား လျှောက်​ဆို​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ