YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 8:1-12

နေဟမိ 8:1-12 JBMLE

သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊ နား​ထောင်​နား​လည်​နိုင်​သ​မျှ​သော ပ​ရိ​သတ်​ယောက်ျား မိန်း​မ​တို့ ရှေ့​သို့ သ​တ္တ​မ​လ​ပ​ထ​မ​နေ့​ရက်​တွင်၊ ပ​ည​တ္တိ​ကျမ်း​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ဆောင်​ခဲ့၍၊ နား​လည်​နိုင်​သော​သူ၊ ယောက်ျား​မိန်း​မ​တို့ ရှေ့​မှာ နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ရေ​တံ​ခါး​လမ်း​တွင် ဖတ်​ရွတ်​လေ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို စေ့​စေ့​နား​ထောင်​ကြ၏။ သူ​တို့​လုပ်​ကြ​သော တ​ရား​ဟော​ရာ သစ်​သား​ပ​လ္လင်​ပေါ်​မှာ၊ ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​သည် ရပ်၍ မ​တ္တိ​သ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ၊ မာ​သေ​ယ​တို့​သည် လက်​ယာ​ဘက်၌​လည်း​ကောင်း၊ ပေ​ဒါ​ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ၊ မေ​ရှု​လံ​တို့​သည် လက်​ဝဲ​ဘက်၌​လည်း​ကောင်း ရပ်​နေ​ကြ၏။ ထို​သို့ ဧ​ဇ​ရ​သည် လူ​အ​ပေါင်း​တို့​ထက်​သာ၍ မြင့်​လျက်၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ကျမ်း​စာ​ကို​ဖွင့်​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည် ထ​ကြ၏။ ဧ​ဇ​ရ​သည် မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၏။ လူ​အ​ပေါင်း​တို့​က အာ​မင်၊ အာ​မင်​ဟု လက်​တို့​ကို​ချီ​လျက်၊ ဝန်​ခံ၍ ဦး​ချ​ပျပ်​ဝပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။ ယော​ရှု၊ ဗာ​နိ၊ ရှေ​ရ​ဘိ၊ ယာ​မိန်၊ အ​က္ကုပ်၊ ရှ​ဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်၊ ပေ​လာ​ယ​အ​စ​ရှိ​သော လေ​ဝိ​သား​တို့​သည်​လည်း လူ​များ​တို့​အား ပ​ည​တ္တိ​ကျမ်း​စာ​အ​နက်​ကို ပြန်​ကြား​ကြ၏။ လူ​များ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ၌ နေ​ကြ၏။ ထို​သို့ ဘု​ရား​သ​ခင်၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို သေ​ချာ​စွာ​ဖတ်​ရွတ်၍ အ​နက်​ကို​ပြန်​သ​ဖြင့်၊ လူ​များ​နား​လည်​စေ​ခြင်း​ငှာ ပြု​ကြ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို ကြား​သော​အ​ခါ ငို​ကြွေး​ကြ​သည်​ဖြစ်၍၊ ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ကျမ်း​တတ်​ဆ​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၊ လူ​များ​တို့​အား သွန်​သင်​သော လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ကြ​နှင့်။ သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။ ထို​သို့ လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သန့်​ရှင်း​သော​နေ့ ဖြစ်​သော​ကြောင့် တိတ်​ဆိတ်​စွာ နေ​ကြ​လော့။ ဝမ်း​နည်း​မ​နေ​ကြ​နှင့်​ဟု ဆို၍ လူ​အ​ပေါင်း​တို့​ကို ငြိမ်း​စေ​ကြ၏။ လူ​အ​ပေါင်း​တို့​သည် ဟော​ပြော​သော စ​ကား​များ​ကို နား​လည်​သော​ကြောင့်၊ စား​သောက်​ခြင်း၊ သူ​တစ်​ပါး​တို့​အား ဝေ​မျှ​ခြင်း၊ အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ သွား​ကြ၏။