YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 6:1-3

နေဟမိ 6:1-3 JBMLE

ထို​အ​ခါ မြို့​တံ​ခါး​တို့​ကို မ​ထူ​ထောင်​သေး​သော်​လည်း၊ မြို့​ရိုး​တည်၍ လုံ​ကြောင်း​ကို သ​မ္ဘာ​လတ်၊ တော​ဘိ၊ အာ​ရပ်​လူ​ဂေ​ရှင်​မှ​စ၍ ကြွင်း​သော ရန်​သူ​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊ သ​မ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​က လာ​ပါ။ ဩ​နော​ချိုင့်​တွင် ခေ​ဖိ​ရိမ်​ရွာ​မှာ တွေ့​ကြ​ကုန်​အံ့​ဟု မ​ကောင်း​သော အ​ကြံ​ရှိ၍ ငါ့​ကို​မှာ​လိုက်​ကြ၏။ ငါ​က​လည်း၊ ငါ​သည် ကြီး​သော​အ​မှု​ကို ဆောင်​ရွက်​ရ​သော​ကြောင့် မ​ဆင်း​မ​လာ​နိုင်။ ထို​အ​မှု​ကို မ​ဆောင်​ရွက်​ဘဲ သင်​တို့​ရှိ​ရာ​သို့ ဆင်း​သွား၍၊ အ​ဘယ်​ကြောင့် အ​မှု​ပြတ်​ရ​မည်​နည်း​ဟု တ​မန်​တို့​ကို စေ​လွှတ်၍ ပြန်​ပြော၏။