YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 6:1-16

နေဟမိ 6:1-16 JBMLE

ထို​အ​ခါ မြို့​တံ​ခါး​တို့​ကို မ​ထူ​ထောင်​သေး​သော်​လည်း၊ မြို့​ရိုး​တည်၍ လုံ​ကြောင်း​ကို သ​မ္ဘာ​လတ်၊ တော​ဘိ၊ အာ​ရပ်​လူ​ဂေ​ရှင်​မှ​စ၍ ကြွင်း​သော ရန်​သူ​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊ သ​မ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​က လာ​ပါ။ ဩ​နော​ချိုင့်​တွင် ခေ​ဖိ​ရိမ်​ရွာ​မှာ တွေ့​ကြ​ကုန်​အံ့​ဟု မ​ကောင်း​သော အ​ကြံ​ရှိ၍ ငါ့​ကို​မှာ​လိုက်​ကြ၏။ ငါ​က​လည်း၊ ငါ​သည် ကြီး​သော​အ​မှု​ကို ဆောင်​ရွက်​ရ​သော​ကြောင့် မ​ဆင်း​မ​လာ​နိုင်။ ထို​အ​မှု​ကို မ​ဆောင်​ရွက်​ဘဲ သင်​တို့​ရှိ​ရာ​သို့ ဆင်း​သွား၍၊ အ​ဘယ်​ကြောင့် အ​မှု​ပြတ်​ရ​မည်​နည်း​ဟု တ​မန်​တို့​ကို စေ​လွှတ်၍ ပြန်​ပြော၏။ ထို​သို့ လေး​ကြိမ်​တိုင်​အောင် မှာ​လိုက်၍၊ ငါ​သည်​လည်း ယ​ခင်​ကဲ့​သို့ ပြန်​ပြော၏။ နောက်​ပ​ဥ္စ​မ​အ​ကြိမ်၌ သ​မ္ဘာ​လတ်​သည် ယ​ခင်​ကဲ့​သို့ မိ​မိ​ကျွန်​ကို စေ​လွှတ်၍၊ ကျွန်​တွင် တံ​ဆိပ်​မ​ခတ်​သော​စာ ပါ၏။ စာ​ချက်​ဟူ​မူ​ကား၊ သင်​နှင့်​ယု​ဒ​လူ​တို့​သည် ပုန်​ကန်​မည်​အ​ကြံ ရှိ​သည်​ဟု လူ​အ​မျိုး​မျိုး ပြော​ဆို​ကြ၏။ ဂေ​ရှင်​လည်း သက်​သေ​ခံ၏။ ထို​စ​ကား​နှင့်​အ​ညီ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ဖြစ်​လို​သော​ငှာ၊ မြို့​ရိုး​ကို​တည်၏။ ယု​ဒ​ပြည်၌ ရှင်​ဘု​ရင်​ရှိ​သည်​ဟု သင့်​ကို​ရည်​ဆောင်၍ ယေ​ရု​ရှ​လင်​မြို့၌ ဟော​ပြော​ရ​သော ပ​ရော​ဖက်​တို့​ကို သင်​ခန့်​ထား​ပြီ။ ထို​စ​ကား​အ​တိုင်း ရှင်​ဘု​ရင်​အား ကြား​လျှောက်​ရ​မည်။ သို့​ဖြစ်၍ လာ​ပါ။ တိုင်​ပင်​ကြ​ကုန်​အံ့​ဟု စာ၌​ပါ​သ​တည်း။ ငါ​က​လည်း၊ သင်​ပြော​သော စ​ကား​တစ်​ခွန်း​မျှ​မ​မှန်၊ ကိုယ်​စိတ်​ထဲ​မှာ အ​ချည်း​နှီး ထင်​တတ်​သည်​ချည်း​ဟု စေ​လွှတ်၍ ပြန်​ပြော၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​က ထို​အ​လုပ်​ကို လက်​စ​မ​သတ်​နိုင်​အောင် သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်​ဟု ဆို​လျက် ငါ​တို့​ကို ခြိမ်း​ခြောက်​ကြ၏။ သို့​ရာ​တွင် ထို​စ​ကား​ကြောင့် ငါ​သာ၍​အား​ရှိ၏။ ထို​အ​ခါ မ​ဟေ​တ​ဗေ​လ​သား​ဖြစ်​သော ဒေ​လာ​ယ၏​သား ရှေ​မာ​ယ​သည်၊ ပုန်း​ရှောင်​လျက်​နေ​သော အိမ်​သို့ ငါ​သွား​လျှင်၊ သူ​က ဘု​ရား​သ​ခင်၏​အိမ်​တော် အ​တွင်း​ခန်း​ထဲ​မှာ ငါ​တို့​သည် စု​ဝေး၍၊ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို ပိတ်​ထား​ကြ​ကုန်​အံ့။ ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ လာ​ကြ​လိမ့်​မည်။ ယ​နေ့​ည၌​ပင် လာ​ကြ​လိမ့်​မည်​ဟု ဆို၏။ ငါ​က​လည်း၊ ငါ​ကဲ့​သို့​သော​သူ​သည် ပြေး​ရ​မည်​လော။ ငါ​နှင့်​တူ​သော​သူ​သည် အ​သက်​ချမ်း​သာ​ခြင်း​ငှာ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​ရ​မည်​လော။ ငါ​မ​ဝင်​ဟု ပြန်​ပြော၏။ ထို​သူ​ကို ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မ​မူ။ တော​ဘိ​နှင့်​သ​မ္ဘာ​လတ် ငှား​သော​ကြောင့်၊ ထို​သို့ ငါ့​တစ်​ဖက်၌ ဟော​ပြော​သည်​ကို ငါ​ရိပ်​မိ၏။ သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ရှိ​စေ​လျက်၊ ငါ​ကြောက်၍ ထို​သို့​ပြု​သ​ဖြင့်၊ ပြစ်​မှား​စေ​ခြင်း​ငှာ ထို​သူ​ကို ငှား​ကြ၏။ အို အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ထို​သို့​ပြု​တတ်​သော တော​ဘိ​နှင့် သ​မ္ဘာ​လတ်​ကို​လည်း​ကောင်း၊ နော​ဒိ​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​မှ​စ၍ အ​ကျွန်ုပ်​ကို ခြိမ်း​ခြောက်​သော ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း မှတ်​တော်​မူ​ပါ။ အ​ရက် ငါး​ဆယ်​နှစ်​ရက်​ကြာ​မှ ဧ​လု​လ လ​နှစ်​ဆယ်​ငါး​ရက်​နေ့​တွင် မြို့​ရိုး​ကို လက်​စ​သတ်​ကြ၏။ ထို​သ​တင်း​ကို ရန်​သူ​တို့​သည်​ကြား၍၊ ပတ်​လည်​ဝန်း​ကျင်၌ နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို မြင်​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​အ​မှု​သည် ငါ​တို့၏ ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ပြီး​ကြောင်း​ကို ရိပ်​မိ​ကြ၏။