YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 5:1-5

နေဟမိ 5:1-5 JBMLE

ထို​အ​ခါ ယောက်ျား​မိန်း​မ​များ​တို့​သည် အ​မျိုး​သား​ချင်း ယု​ဒ​လူ​တို့​ကို အ​လွန်​အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။ အ​ချို့​က​လည်း၊ ငါ​တို့​နှင့် သား​သ​မီး​များ​စွာ ရှိ​ကြ၏။ သူ​တို့ အ​သက်​မွေး​လောက်​အောင် စား​စ​ရာ​ဆန်​စ​ပါး​ကို အ​ဘယ်​မှာ ရ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ငါ​တို့​သည် လယ်​ယာ၊ ဥ​ယျာဉ်၊ အိမ်​တို့​ကို ပေါင်​ထား​ပြီ။ အ​စာ​ခေါင်း​ပါး​သော​ကာ​လ၊ ဆန်​စ​ပါး​ကို အ​ဘယ်​မှာ ရ​နိုင်​ပါ​မည်​နည်း​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ငါ​တို့​သည် အ​ခွန်​တော်​ကို ပေး​စ​ရာ​ရှိစေ​ခြင်း​ငှာ လယ်​ယာ​ဥ​ယျာဉ်​အ​တွက် ငွေ​ကို​ချေး​ယူ​ပြီ။ ယ​ခု​မှာ ငါ​တို့​ကိုယ်​ခ​န္ဓာ​သည် အ​မျိုး​သား​ချင်း​တို့၏ ကိုယ်​ခ​န္ဓာ​ကဲ့​သို့​ဖြစ်၏။ ငါ​တို့​သား​သ​မီး​သည် သူ​တို့​သား​သ​မီး​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​တို့​သား​သ​မီး​ကို ရောင်း၍ ကျွန်​ခံ​စေ​ရ​မည်​လော။ ကျွန်​ခံ​ပြီး​သော သ​မီး​တို့​ကို​လည်း ရွေး​ခြင်း​ငှာ မ​တတ်​နိုင်။ ပိုင်​ရင်း​လယ်​ယာ​နှင့် ဥ​ယျာဉ်​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​လေ​ပြီ​တ​ကား​ဟု ဆို​ကြ၏။