YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 4

4
ဆီး​တား​မှု​ကို​အောင်​မြင်​ခြင်း
1ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊ 2အား​မ​ရှိ​သော ထို​ယု​ဒ​လူ​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ကိုယ်​ကို ခိုင်​ခံ့​စေ​မည်​လော။ ယဇ်​ပူ​ဇော်​မည်​လော။ တစ်​နေ့​ချင်း​တွင် လက်​စ​သတ်​မည်​လော။ ကျွမ်း​လောင်​သော ကျောက်​တို့​ကို အ​မှိုက်​ပုံ​များ​ထဲ​က​ထုတ်၍ ပြု​ပြင်​မည်​လော​ဟု မိ​မိ​အ​မျိုး​သား​ချင်း၊ ရှ​မာ​ရိ တပ်​သား​ရှေ့​မှာ ပြော​ဆို၏။ 3သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။ 4အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​ပါ၏။ သူ​တို့​ကဲ့​ရဲ့​သော​စ​ကား​သည်၊ သူ​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရာ​ပြည်၌ လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။ 5သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို ဖုံး​အုပ်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ သူ​တို့​အ​ပြစ် မ​ပြေ​ပါ​စေ​နှင့်။ မြို့​ရိုး​ကို​တည်​သော သူ​တို့၏​စိတ်​ကို နာ​စေ​ခြင်း​ငှာ၊ ပြော​တတ်​ကြ​ပါ​သည်​တ​ကား။ 6သို့​ရာ​တွင် ငါ​တို့​သည် မြို့​ရိုး​ကို​တည်​ကြ၏။ တည်​လုပ်​သော သူ​တို့​သည် စေ​တ​နာ​ကြီး​သော​ကြောင့်၊ မြို့​ပတ်​လည် မြို့​ရိုး​အ​မြင့် တစ်​ဝက်​တိုင်​အောင် ပြီး​လေ၏။
7ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊ 8ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ချီ၍​တိုက်​မည်။ ထို​အ​မှု​ကို ဖျက်​မည်​ဟု တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြ၏။ 9သို့​ရာ​တွင် ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍၊ ရန်​သူ​ကြောင့် နေ့​ည​မ​ပြတ် ကင်း​စောင့်​ထား​ကြ၏။ 10ယု​ဒ​လူ​အ​ချို့​က​လည်း၊ ဝန်​ထမ်း​သော သူ​တို့​သည် အား​ကုန်​ကြ​ပြီ။ အ​မှိုက်​များ​လှ၏။ မြို့​ရိုး​ပြီး​စီး​အောင် မ​တတ်​နိုင်​ကြ​ဟု ဆို​ကြ၏။ 11ရန်​သူ​တို့​က​လည်း၊ သူ​တို့​သည် အ​မှတ်​တ​မဲ့၊ သ​တိ​မ​ရှိ​ဘဲ​နေ​စဉ်​တွင်၊ ငါ​တို့​သည် သူ​တို့​အ​ထဲ​သို့​ဝင်၍ လုပ်​ကြံ​သ​ဖြင့်၊ ထို​အ​လုပ်​ကို ဖျက်​မည်​ဟု ဆို​ကြ၏။ 12သူ​တို့​အ​နား​မှာ​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ လာ၍ ရန်​သူ​တို့​သည် နေ​ရာ​အ​ရပ်​ရပ်​တို့​က၊ သင်​တို့​ကို တိုက်​လာ​ကြ​လိမ့်​မည်​ဟု ငါ​တို့​အား အ​ထပ်​ထပ်​ဆို​ကြ၏။ 13ထို​ကြောင့် မြို့​ရိုး​နောက်၊ နိမ့်​သော​အ​ရပ်၊ ရှင်း​လင်း​သော အ​ရပ်​တို့၌ ဓား၊ လှံ၊ လေး​လက်​နက်​ပါ​သော လူ​များ​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​ခန့်​ထား၏။ 14ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။ 15ထို​သို့​ငါ​တို့​သည် သ​တိ​ရ၍၊ ရန်​သူ​အ​ကြံ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို သူ​တို့​ကြား​သိ​သော​အ​ခါ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး လုပ်​ရာ​အ​ရပ် မြို့​ရိုး​သို့​ပြန်​လုပ်​ကြ၏။ 16နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။ 17မြို့​ရိုး​တည်​သော​သူ၊ ဝန်​ထမ်း​သော​သူ၊ ဝန်​ကို​တင်​သော​သူ အ​ပေါင်း​တို့​သည် လက်​တစ်​ဖက်​နှင့် လုပ်​ကြ၏။ လက်​တစ်​ဖက်​နှင့် လက်​နက်​ကို​ကိုင်​ကြ၏။ 18တည်​လုပ်​သော သူ​အ​ပေါင်း​တို့​သည်၊ ခါး၌ ဓား​ဆွဲ​လျက် တည်​လုပ်​ကြ၏။ တံ​ပိုး​မှုတ်​သော​သူ​သည် ငါ့​အ​နား​မှာ ရပ်​နေ၏။ 19ငါ​က​လည်း၊ အ​လုပ်​သည် ကြီး​ကျယ်​လှ၏။ မြို့​ရိုး​ပေါ်​မှာ တစ်​ယောက်​တ​ခြား​စီ သူ​နှင့်​ငါ ဝေး​ဝေး​လုပ်​ရ၏။ 20သို့​ဖြစ်၍၊ တံ​ပိုး​မှုတ်​သံ​ကို ကြား​လေ​ရာ​ရာ​အ​ရပ်​မှ၊ ငါ​တို့​ထံ​သို့ စည်း​ဝေး​ကြ။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ငါ​ဆို၏။ 21ထို​သို့ ငါ​တို့​သည် အ​လုပ်​လုပ်​ကြ၏။ လူ​တစ်​ဝက်​သည် မိုး​လင်း​သည်​မှ​စ၍ ကြယ်​ပေါ်​သည်​တိုင်​အောင်၊ လှံ​လက်​နက်​တို့​ကို ကိုင်​ကြ၏။ 22ထို​အ​ခါ၌​လည်း၊ ငါ​က လူ​တိုင်း မိ​မိ​ကျွန်​နှင့်​တ​ကွ ည​အ​ချိန်​တွင်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိပ်​စေ။ သို့​ပြု​လျှင်၊ ကျွန်​တို့​သည် နေ့​အ​ခါ အ​လုပ်​လုပ်​လျက်၊ ည​အ​ခါ အ​လှည့်​လှည့်​စောင့်​လျက် ရှိ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား​ဆို၏။ 23ထို​သို့ ငါ​နှင့်​ငါ့​ညီ၊ ငါ့​ကျွန်၊ ငါ့​နောက်၌​လိုက်​သော တပ်​သား​တို့​သည်၊ ကိုယ်​အ​ဝတ်​ကို မ​ချွတ်​ဘဲ နေ​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ