YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 9:30-50

ရှင်မာကု 9:30-50 JBMLE

ထို​အ​ရပ်​မှ​ထွက်၍ ဂါ​လိ​လဲ​ပြည်​အ​လယ်၌ လျှောက်​သွား​ကြ​စဉ်​တွင် အ​ဘယ်​သူ​မျှ သိ​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။- အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။- ခံ​ပြီး​မှ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ကြောင်း​များ​ကို သူ​တို့​သည် နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို မ​မေး​မ​လျှောက်​ဝံ့​ကြ။ က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ အိမ်၌​ရှိ​တော်​မူ​လျှင်၊ သင်​တို့​သည် လမ်း၌ အ​ဘယ်​အ​မှု​ကို အ​ချင်း​ချင်း ငြင်း​ခုံ​ကြ​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို၊- သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​သူ​သည် သာ၍ ကြီး​မြတ်​အံ့​နည်း​ဟု လမ်း၌ အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​သည် ထိုင်​လျက် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ၍၊ အ​ရင်​အ​ဦး​ဖြစ်​လို​သော​သူ မည်​သည်​ကား နောက်​ဆုံး​ဖြစ်​ရ​မည်။ အ​လုံး​စုံ​တို့၏ အ​စေ​ခံ​လည်း ဖြစ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- သူ​ငယ်​တစ်​ယောက်​ကို​လည်း​ယူ၍ သူ​တို့​အ​လယ်၌ ထား​ပြီး​မှ လက်​တော်​နှင့် ချီ​ပိုက်​လျက်၊- အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏။ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။ ငါ့​ကို​လက်​ခံ​သော သူ​သည်​လည်း ငါ့​ကို​သာ လက်​ခံ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို​ပင် လက်​ခံ​သည်​ဟု မိန့်​တော်​မူ၏။ ယော​ဟန်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​ဘဲ​လျက် ကိုယ်​တော်၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သော​သူ​တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ၏။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​သော​ကြောင့် အ​ကျွန်ုပ်​တို့​သည် မြစ်​တား​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ ထို​သူ​ကို မ​မြစ်​တား​ကြ​နှင့်။ ငါ့​နာ​မ​ကို အ​မှီ​ပြု​လျက် တန်​ခိုး​ကို​ပြ၍ ငါ့​ကို​အ​လွယ်​တ​ကူ ကဲ့​ရဲ့​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။- သင်​တို့၏​ရန်​သူ​ဘက်၌ မ​ရှိ​သော​သူ​သည် သင်​တို့​ဘက်၌ ရှိ၏။- သင်​တို့​သည် ခ​ရစ်​တော်​နှင့် ဆိုင်​သည်​ဟု ငါ့​မျက်​နှာ​ကို​ထောက်၍ အ​ကြင်​သူ​သည် သင်​တို့​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို၏။ ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏။ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ ပင်​လယ်၌​ချ​ခြင်း​ကို​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။- သင်၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် လက်​ကို​ဖြတ်​လော့။- ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း​မ​ငြိမ်း​နိုင်​သော မီး​ထဲ​သို့ လက်​နှစ်​ဖက်​စုံ​နှင့် ဝင်​ရ​သည်​ထက်၊ လက်​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​သော် သာ၍​ကောင်း၏။- သင်၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ခြေ​ကို​ဖြတ်​လော့။- ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း မ​ငြိမ်း​နိုင်​သော​မီး​ထဲ​သို့ ခြေ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ ခြေ​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။- သင်၏​မျက်​စိ​သည်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် မျက်​စိ​ကို​ထုတ်​လော့။- ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​မီး​ထဲ​သို့ မျက်​စိ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ မျက်​စိ​တစ်​ဖက်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။- ယဇ်​ကောင်​ရှိ​သ​မျှ​တို့၌ ဆား​ခတ်​ရ​သ​ကဲ့​သို့ ခပ်​သိမ်း​သော​သူ​တို့​သည် မီး​ဆား​ခတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။- ဆား​သည်​ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင်၊ ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ သင်​တို့၌ ဆား​ရှိ​စေ​ကြ​လော့။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။