YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 9:2-9

ရှင်မာကု 9:2-9 JBMLE

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊- အ​ဝတ်​တော်​လည်း ပြောင်​လက်​လျက်၊ ဤ​မြေ​ပေါ်၌ အ​ဘယ်​ခ​ဝါ​သည်​မျှ မ​တတ်​နိုင်​အောင် မိုး​ပွင့်​ကဲ့​သို့ အ​လွန်​ဖြူ​လျက်​ရှိ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။- ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။- တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။- ထို​အ​ခါ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။- ထို​ခ​ဏ​ချင်း​တွင် တ​ပည့်​တော်​တို့​သည် ပတ်​လည်​သို့​ကြည့်​ရှု​လျှင်၊ မိ​မိ​တို့​နှင့်​အ​တူ ယေ​ရှု​တစ်​ယောက်​တည်း​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။ တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင် သင်​တို့ ယ​ခု​မြင်​သော​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။