YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 9:17-27

ရှင်မာကု 9:17-27 JBMLE

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။- နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။- ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။- သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။- သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။- ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊- နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။- ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။

​ရှင်မာကု 9:17-27 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။