YouVersion Logo
Search Icon

ရှင်မာကု 9:1, 2, 3, 4, 5, 6, 7, 8, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 22, 23, 24, 25, 26, 27, 28, 29

ရှင်မာကု 9:1 JBMLE

ငါ​အ​မှန်​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် တန်​ခိုး​နှင့်​တ​ကွ တည်​ကြောင်း​ကို ဤ​အ​ရပ်၌ ရှိ​သော​သူ အ​ချို့​တို့​သည် မ​မြင်​မီ​သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 9:2 JBMLE

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊

ရှင်မာကု 9:3 JBMLE

အ​ဝတ်​တော်​လည်း ပြောင်​လက်​လျက်၊ ဤ​မြေ​ပေါ်၌ အ​ဘယ်​ခ​ဝါ​သည်​မျှ မ​တတ်​နိုင်​အောင် မိုး​ပွင့်​ကဲ့​သို့ အ​လွန်​ဖြူ​လျက်​ရှိ၏။

ရှင်မာကု 9:4 JBMLE

မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။

ရှင်မာကု 9:5 JBMLE

ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။

ရှင်မာကု 9:6 JBMLE

တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။

ရှင်မာကု 9:7 JBMLE

ထို​အ​ခါ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။

ရှင်မာကု 9:8 JBMLE

ထို​ခ​ဏ​ချင်း​တွင် တ​ပည့်​တော်​တို့​သည် ပတ်​လည်​သို့​ကြည့်​ရှု​လျှင်၊ မိ​မိ​တို့​နှင့်​အ​တူ ယေ​ရှု​တစ်​ယောက်​တည်း​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။

ရှင်မာကု 9:10 JBMLE

တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို မှတ်​မိ၍ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​မေး​မြန်း​ကြ၏။

ရှင်မာကု 9:11 JBMLE

ထို​အ​ခါ တ​ပည့်​တော်​တို့​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊

ရှင်မာကု 9:12 JBMLE

ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။

ရှင်မာကု 9:13 JBMLE

ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ​သည် ရောက်​လေ​ပြီ။ သူ၏​အ​ကြောင်း​ကို ကျမ်း​စာ၌​ရေး​ထား​သည်​အ​တိုင်း လူ​များ​သည် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 9:14 JBMLE

တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ရောက်​တော်​မူ​သော​အ​ခါ များ​စွာ​သော လူ​အ​စု​အ​ဝေး​သည် သူ​တို့​ကို​ဝိုင်း​လျက်၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​ကြ​သည်​ကို မြင်​တော်​မူ၏။

ရှင်မာကု 9:15 JBMLE

စု​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း အံ့​ဩ​မိန်း​မော​ခြင်း​ရှိ​လျက် အ​ထံ​တော်​သို့ ပြေး၍ နှုတ်​ဆက်​ကြ၏။

ရှင်မာကု 9:16 JBMLE

ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် သူ​တို့​နှင့် အ​ဘယ်​သို့ ဆွေး​နွေး​မေး​မြန်း​ကြ​သ​နည်း​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​ကို မေး​တော်​မူ​လျှင်၊

ရှင်မာကု 9:17 JBMLE

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။

ရှင်မာကု 9:18 JBMLE

နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊

ရှင်မာကု 9:19 JBMLE

ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ရှင်မာကု 9:20 JBMLE

ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။

ရှင်မာကု 9:21 JBMLE

ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။

ရှင်မာကု 9:22 JBMLE

သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

ရှင်မာကု 9:23 JBMLE

ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 9:24 JBMLE

သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။

ရှင်မာကု 9:25 JBMLE

ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊

ရှင်မာကု 9:26 JBMLE

နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။

ရှင်မာကု 9:27 JBMLE

ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။

ရှင်မာကု 9:28 JBMLE

အိမ်​သို့ ဝင်​တော်​မူ​ပြီး​မှ တ​ပည့်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု တိတ်​ဆိတ်​စွာ မေး​လျှောက်​ကြ​သော်၊

ရှင်မာကု 9:29 JBMLE

ကိုယ်​တော်​က၊ ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့် ထို​နတ်​မျိုး​သည် မ​ထွက်​နိုင်​ဟု မိန့်​တော်​မူ၏။