YouVersion Logo
Search Icon

ရှင်မာကု 8:22, 23, 24, 25, 26, 27, 28, 29, 30, 31, 32, 33, 34, 35, 36, 37, 38

ရှင်မာကု 8:22 JBMLE

ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။

ရှင်မာကု 8:23 JBMLE

ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။

ရှင်မာကု 8:24 JBMLE

ထို​သူ​သည် ကြည့်​မျှော်​လျှင်၊ လူ​တို့​သည် သစ်​ပင်​ကဲ့​သို့​ဖြစ်၍ လှမ်း​သွား​သည်​ကို အ​ကျွန်ုပ် မြင်​ပါ​သည်​ဟု လျှောက်၏။

ရှင်မာကု 8:25 JBMLE

နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။

ရှင်မာကု 8:26 JBMLE

ကိုယ်​တော်​က​လည်း၊ မြို့​ထဲ​သို့​မ​ဝင်​နှင့်။ မြို့၌ အ​ဘယ်​သူ​ကို​မျှ မ​ပြော​နှင့်​ဟု မိန့်​တော်​မူ၍ သူ့​ကို မိ​မိ​နေ​ရာ​သို့ လွှတ်​လိုက်​လေ၏။

ရှင်မာကု 8:27 JBMLE

ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ တ​ပည့်​တော်​တို့​နှင့်​တ​ကွ ကြွ​တော်​မူ​စဉ်၊ လမ်း​ခ​ရီး၌ လူ​များ​တို့​သည် ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည်​ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊

ရှင်မာကု 8:28 JBMLE

လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ပ​ရော​ဖက်​တစ်​ပါး​ပါး ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊

ရှင်မာကု 8:29 JBMLE

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။

ရှင်မာကု 8:30 JBMLE

ကိုယ်​တော်၏​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

ရှင်မာကု 8:31 JBMLE

ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​စ​ပြု​တော်​မူ၏။

ရှင်မာကု 8:32 JBMLE

ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊

ရှင်မာကု 8:33 JBMLE

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​လျက်၊ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟူ၍ ပေ​တ​ရု​ကို ဆုံး​မ​တော်​မူ၏။

ရှင်မာကု 8:34 JBMLE

ထို​အ​ခါ တ​ပည့်​တော်​တို့​နှင့် ပ​ရိသတ်​များ​ကို ခေါ်​တော်​မူ​ပြီး​လျှင်၊ အ​ကြင်​သူ​သည် ငါ၌​ဆည်း​ကပ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။

ရှင်မာကု 8:35 JBMLE

အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။

ရှင်မာကု 8:36 JBMLE

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။

ရှင်မာကု 8:37 JBMLE

မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။

ရှင်မာကု 8:38 JBMLE

မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။