YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 8:14-21

ရှင်မာကု 8:14-21 JBMLE

တ​ပည့်​တော်​တို့​သည် မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ​သ​ဖြင့်၊ လှေ​ပေါ်​မှာ သူ​တို့၌ မုန့်​တစ်​လုံး​တည်း​သာ ရှိ၏။- ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။- တ​ပည့်​တော်​တို့​ကို​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ သင်​တို့၌ မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့်​အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင် နှ​လုံး​မ​သွင်း၊ နား​မ​လည်​ကြ​သ​လော။ သင်​တို့ စိတ်​နှ​လုံး မိုက်​သေး​သ​လော။- မျက်​စိ​ရှိ​လျက်​ပင် မ​မြင်၊ နား​ရှိ​လျက်​ပင် မ​ကြား၊ စိတ်​မ​အောက်​မေ့​ဘဲ နေ​ကြ​သ​လော။- မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​အား ငါ​ဖဲ့​သော​အ​ခါ အ​ကျိုး​အ​ပဲ့​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ တစ်​ဆယ်​နှစ်​တောင်း ကောက်​သိမ်း​ပါ​သည်​ဟု လျှောက်​ကြ၏။- မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​အား ငါ​ဖဲ့​သော​အ​ခါ အ​ကျိုး​အ​ပဲ့ ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ခု​နစ်​တောင်း ကောက်​သိမ်း​ပါ​သည်​ဟု လျှောက်​ကြ၏။- သို့​ဖြစ်​လျှင်၊ သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့ နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။