YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 8:1-12

ရှင်မာကု 8:1-12 JBMLE

ထို​အ​ခါ စု​ဝေး​သော​သူ​အ​လွန်​များ၍ စား​စ​ရာ​မ​ရှိ​လျှင်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို ခေါ်၍၊- ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ​အ​လျှင်း မ​ရှိ။- အ​ချို့​တို့​သည် အ​ဝေး​က​လာ​သည်​ဖြစ်၍၊ အ​စာ​မ​စား​မီ သူ​တို့​အိမ်​သို့ ငါ​လွှတ်​လျှင် လမ်း​ခ​ရီး၌ မော​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ ဤ​တော​အ​ရပ်၌ ဤ​သူ​တို့​ကို အ​ဘယ်​သို့ ဝ​စွာ​ကျွေး​နိုင်​ပါမည်​နည်း​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။ မုန့်​ခု​နစ်​လုံး​ကို​လည်း ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် ထည့်​ကြ၏။- အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး​လည်း ရှိ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ လူ​လေး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ ထို​သူ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊- တ​ပည့်​တော်​တို့​နှင့်​တ​ကွ လှေ​ထဲ​သို့ ချက်​ချင်း​ဝင်၍၊ ဒါ​လ​မ​နု​သ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။ ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​လာ၍ ကိုယ်​တော်​နှင့် ဆွေး​နွေး​ငြင်း​ခုံ​သည်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။- ကိုယ်​တော်​သည် စိတ်​နှ​လုံး​ညည်း​တွား​သံ​ကို ပြု​တော်​မူ​လျက်၊ ဤ​လူ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမ​ပြ​ရ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊