YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:14-23

ရှင်မာကု 7:14-23 JBMLE

ထို​အ​ခါ လူ​အ​စု​အ​ဝေး​အ​ပေါင်း​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့​ရှိ​သ​မျှ​သည် နား​ထောင်​နား​လည်​ကြ​လော့။- လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့​ဝင်​လျက်၊ လူ​ကို ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ လူ​အ​တွင်း​မှ ထွက်​သော​အ​ရာ​သည် လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။- လူ​အ​စု​အ​ဝေး​ရှိ​ရာ​မှ ကြွ၍ အိမ်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ဤ​မျှ​လောက် ပ​ညာ​မဲ့​လျက် နေ​သ​လော။ လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့ ဝင်​သ​မျှ​သည် နှ​လုံး​ထဲ​သို့​မ​ဝင်။- ဝမ်း​ထဲ​သို့​ဝင်၍ အ​စာ​ရှိ​သ​မျှ​ကို သန့်​ရှင်း​စေ​သ​ဖြင့် ရေ​အိမ်​တွင် ဆင်း​သွား​သော​ကြောင့်၊ လူ​ကို မ​ညစ်​ညူး​စေ​နိုင်​သည်​ကို နား​မ​လည်​ကြ​သ​လော။- လူ​အ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊- သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊- ဤ​ဆိုး​ညစ်​သော အ​ရာ​များ​တို့​သည် အ​တွင်း​မှ​ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​ကြ​သည်​ဟု မိန့်​တော်​မူ၏။