YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:1-8

ရှင်မာကု 7:1-8 JBMLE

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် အ​ထံ​တော်၌ စု​ဝေး၍၊- တ​ပည့်​တော်​အ​ချို့​တို့​သည် ညစ်​ညူး​သော​လက်​တည်း​ဟူ​သော ရေ​မ​ဆေး​သော​လက်​နှင့် အ​စာ​စား​သည်​ကို​မြင်​လျှင် အ​ပြစ်​တင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ဆံ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ယူ​သော ဖာ​ရိ​ရှဲ​မှ​စ၍ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် လက်​ဆုပ်​မ​ဆေး​ဘဲ အ​စာ​ကို စား​လေ့​မ​ရှိ။- ဈေး​မှ ပြန်​လာ​သော​အ​ခါ၌​လည်း ဆေး​ခြင်း​မ​ပြု​ဘဲ စား​လေ့​မ​ရှိ။ ထို​မှ​တစ်​ပါး၊ ခွက်၊ ဖ​လား၊ ကြေး​ဝါ​ပန်း​ကန်၊ ခု​တင်​တို့ ဆေး​ခြင်း​မှ​စ၍ အ​ခြား​သော​ထုံး​တမ်း​များ​ကို ခံ​ယူ၍ ကျင့်​လေ့​ရှိ၏။- ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကိုယ်​တော်၏ တ​ပည့်​တို့​သည် မ​ကျင့်​ဘဲ​လျက် အ​ဘယ်​ကြောင့် ညစ်​ညူး​သော​လက်​နှင့် အ​စာ​စား​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း၊- ဟေ​ရှာ​ယ​သည် လျှို့​ဝှက်​သော​သင်​တို့​ကို ရည်​မှတ်​လျက်၊ ဤ​လူ​မျိုး​သည် နှုတ်​ခမ်း​နှင့်​ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့်​ဝေး​လှ၏။- လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​ပေး​လျက်​ပင်၊ ငါ့​ကို အ​ချည်း​နှီး ကိုး​ကွယ်​ကြ၏​ဟု၊ နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို ပယ်၍ ခွက်​ဖ​လား​ဆေး​ခြင်း​တည်း​ဟူ​သော လူ​တို့​မှ ဆက်​ခံ​သော​နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ယူ​လျက်၊ ထို​သို့​သော အ​ခြား အ​ကျင့်​အ​လေ့​များ​တို့​ကို ကျင့်​လေ့​ရှိ​ကြ၏။

​ရှင်မာကု 7:1-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။