YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:1-23

ရှင်မာကု 7:1-23 JBMLE

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် အ​ထံ​တော်၌ စု​ဝေး၍၊- တ​ပည့်​တော်​အ​ချို့​တို့​သည် ညစ်​ညူး​သော​လက်​တည်း​ဟူ​သော ရေ​မ​ဆေး​သော​လက်​နှင့် အ​စာ​စား​သည်​ကို​မြင်​လျှင် အ​ပြစ်​တင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ဆံ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ယူ​သော ဖာ​ရိ​ရှဲ​မှ​စ၍ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် လက်​ဆုပ်​မ​ဆေး​ဘဲ အ​စာ​ကို စား​လေ့​မ​ရှိ။- ဈေး​မှ ပြန်​လာ​သော​အ​ခါ၌​လည်း ဆေး​ခြင်း​မ​ပြု​ဘဲ စား​လေ့​မ​ရှိ။ ထို​မှ​တစ်​ပါး၊ ခွက်၊ ဖ​လား၊ ကြေး​ဝါ​ပန်း​ကန်၊ ခု​တင်​တို့ ဆေး​ခြင်း​မှ​စ၍ အ​ခြား​သော​ထုံး​တမ်း​များ​ကို ခံ​ယူ၍ ကျင့်​လေ့​ရှိ၏။- ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကိုယ်​တော်၏ တ​ပည့်​တို့​သည် မ​ကျင့်​ဘဲ​လျက် အ​ဘယ်​ကြောင့် ညစ်​ညူး​သော​လက်​နှင့် အ​စာ​စား​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း၊- ဟေ​ရှာ​ယ​သည် လျှို့​ဝှက်​သော​သင်​တို့​ကို ရည်​မှတ်​လျက်၊ ဤ​လူ​မျိုး​သည် နှုတ်​ခမ်း​နှင့်​ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့်​ဝေး​လှ၏။- လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​ပေး​လျက်​ပင်၊ ငါ့​ကို အ​ချည်း​နှီး ကိုး​ကွယ်​ကြ၏​ဟု၊ နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို ပယ်၍ ခွက်​ဖ​လား​ဆေး​ခြင်း​တည်း​ဟူ​သော လူ​တို့​မှ ဆက်​ခံ​သော​နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ယူ​လျက်၊ ထို​သို့​သော အ​ခြား အ​ကျင့်​အ​လေ့​များ​တို့​ကို ကျင့်​လေ့​ရှိ​ကြ၏။- သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကျင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို လျောက်​ပတ်​စွာ ပယ်​ကြ​သည်​တ​ကား။- မော​ရှေ၏ ပ​ညတ်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု လာ​သ​တည်း။- သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​စေ​ဟု ဆို၏။- ထို​သူ​သည် မိ​ဘ​ဝတ်​ကို အ​လျှင်း​မ​ပြု​ရ​ဟု မြစ်​တား၍၊- မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ လူ​အ​စု​အ​ဝေး​အ​ပေါင်း​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့​ရှိ​သ​မျှ​သည် နား​ထောင်​နား​လည်​ကြ​လော့။- လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့​ဝင်​လျက်၊ လူ​ကို ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ လူ​အ​တွင်း​မှ ထွက်​သော​အ​ရာ​သည် လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။- လူ​အ​စု​အ​ဝေး​ရှိ​ရာ​မှ ကြွ၍ အိမ်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ဤ​မျှ​လောက် ပ​ညာ​မဲ့​လျက် နေ​သ​လော။ လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့ ဝင်​သ​မျှ​သည် နှ​လုံး​ထဲ​သို့​မ​ဝင်။- ဝမ်း​ထဲ​သို့​ဝင်၍ အ​စာ​ရှိ​သ​မျှ​ကို သန့်​ရှင်း​စေ​သ​ဖြင့် ရေ​အိမ်​တွင် ဆင်း​သွား​သော​ကြောင့်၊ လူ​ကို မ​ညစ်​ညူး​စေ​နိုင်​သည်​ကို နား​မ​လည်​ကြ​သ​လော။- လူ​အ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊- သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊- ဤ​ဆိုး​ညစ်​သော အ​ရာ​များ​တို့​သည် အ​တွင်း​မှ​ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 7:1-23 အကြောင်း ဗီဒီယိုများ

​ရှင်မာကု 7:1-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။