YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:7-16

ရှင်မာကု 6:7-16 JBMLE

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​လျက်၊ နှစ်​ယောက်​စီ​နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၍၊- သင်​တို့​သည် တောင်​ဝှေး​တစ်​ခု​မှ​တစ်​ပါး လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ လွယ်​အိတ်​နှင့် မုန့်​မှ​စ၍ ခါး​ပန်း၌ ကြေး​ငွေ​ကို မ​ယူ​ကြ​နှင့်။- ခြေ​နင်း​ကို စီး​ကြ​လော့။ အင်္ကျီ​နှစ်​ထပ် မ​ဝတ်​ကြ​နှင့်​ဟု မှာ​ထား​တော်​မူ၏။- ထို​မှ​တစ်​ပါး သင်​တို့​သည် မည်​သည်​အိမ်​သို့​ဝင်​လျှင်၊ ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။- အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ နောင်​တ​တ​ရား​ကို ဟော​ကြ၏။- နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ၏။ မ​ကျန်း​မ​မာ​သော သူ​များ​တို့​ကို ဆီ​နှင့်​လူး၍ အ​နာ​ကို ငြိမ်း​စေ​ကြ၏။ ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။- လူ​အ​ချို့​က၊ ဤ​သူ​သည် ဧ​လိ​ယ​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က၊ ရှေး​ပ​ရော​ဖက်​ကဲ့​သို့ ပ​ရော​ဖက်​ဖြစ်​သည်​ဟု ဆို​ကြ၏။- ဟေ​ရုဒ်​သည် ကြား​လျှင်၊ ဤ​သူ​ကား ငါ၏​အ​မိန့်​နှင့် လည်​ပင်း​ကို​ဖြတ်​သော ယော​ဟန်​ဖြစ်၏။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ​ဟု ဆို​လေ၏။