YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:21-44

ရှင်မာကု 6:21-44 JBMLE

ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊- ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။- တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ထွက်၍ အ​ဘယ်​အ​ရာ​ကို တောင်း​ရ​မည်​နည်း​ဟု သူ၏​အ​မိ​ကို​မေး​လျှင် အ​မိ​က၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို တောင်း​လော့​ဟု ပြန်​ဆို​သော်၊- ချက်​ချင်း မိန်း​မ​ငယ်​သည် မင်း​ကြီး​ထံ​သို့ အ​လျင်​တ​ဆော​ဝင်၍၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ အ​လျင်​အ​မြန်​ပေး​တော်​မူ​စေ​ခြင်း​ငှာ ကျွန်​မ အ​လို​ရှိ​ပါ​သည်​ဟု တောင်း​လျှောက်၏။- မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊- ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။- ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ မိန်း​မ​ငယ်​သည်​လည်း သူ့​အ​မိ​ကို ပေး​လေ၏။- ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း ကြား​သော​အ​ခါ လာ၍​အ​လောင်း​ကို ဆောင်​သွား​ပြီး​လျှင် သင်္ချိုင်း​တွင်း၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ လာ​ကြ။ ခ​ဏ​အား​ဖြည့်၍ ငြိမ်​သက်​စွာ နေ​ကြ​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ လူ​များ သွား​လာ​ကြ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် အ​စာ​စား​ခြင်း​ငှာ​မျှ မ​အား​နိုင်​ကြ။- ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။- သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။- လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့ သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ သူ​တို့၌ စား​စ​ရာ​မ​ရှိ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့၌ မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း။ သွား၍ ကြည့်​ရှု​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိ​ပြီး​မှ၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင် ရှိ​ပါ​သည်​ဟု လျှောက်​ပြန်၏။- ထို​အ​ခါ လူ​အ​ပေါင်း​တို့​ကို မြက်​စိမ်း​ပေါ်​မှာ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- သူ​တို့​သည် တစ်​ရာ​တစ်​စု၊ ငါး​ဆယ်​တစ်​စု၊ အ​စု​စု​လျောင်း​ကြ​လျှင်၊- ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊- မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။- မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။