YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:17-29

ရှင်မာကု 6:17-29 JBMLE

အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ ဖိ​လိ​ပ္ပု၏ ခင်​ပွန်း​ဟေ​ရော​ဒိ​ကို သိမ်း​ယူ​သ​ဖြင့်၊ ထို​မိန်း​မ​အ​ကြောင်း​ကြောင့် စေ​လွှတ်၍ ယော​ဟန်​ကို ဖမ်း​ဆီး​ပြီး​လျှင် ထောင်​ထဲ​မှာ ချုပ်​နှောင်​လေ၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က အ​ရှင်​မင်း​ကြီး​သည် ညီ​တော်၏​ခင်​ပွန်း​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား ဆို​လေ​ပြီ။- ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။- သို့​သော်​လည်း ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သော​သူ​ဖြစ်​ကြောင်း​ကို ဟေ​ရုဒ်​သည် သိ၍ သူ့​ကို ကြောက်​ရွံ့​ရို​သေ၏။ သူ့​ကို​လည်း စောင့်​မ၏။ အ​မှု​အ​ရာ​များ​တို့၌ သူ၏​စ​ကား​ကို နား​ထောင်၍ ဝမ်း​မြောက်​သော​စိတ်​နှင့်​လည်း နား​ထောင်​တတ်​သည်​ဖြစ်​သော​ကြောင့် ထို​မိန်း​မ​သည် အ​ခွင့်​မ​ရ​နိုင်။ ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊- ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။- တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ထွက်၍ အ​ဘယ်​အ​ရာ​ကို တောင်း​ရ​မည်​နည်း​ဟု သူ၏​အ​မိ​ကို​မေး​လျှင် အ​မိ​က၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို တောင်း​လော့​ဟု ပြန်​ဆို​သော်၊- ချက်​ချင်း မိန်း​မ​ငယ်​သည် မင်း​ကြီး​ထံ​သို့ အ​လျင်​တ​ဆော​ဝင်၍၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ အ​လျင်​အ​မြန်​ပေး​တော်​မူ​စေ​ခြင်း​ငှာ ကျွန်​မ အ​လို​ရှိ​ပါ​သည်​ဟု တောင်း​လျှောက်၏။- မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊- ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။- ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ မိန်း​မ​ငယ်​သည်​လည်း သူ့​အ​မိ​ကို ပေး​လေ၏။- ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း ကြား​သော​အ​ခါ လာ၍​အ​လောင်း​ကို ဆောင်​သွား​ပြီး​လျှင် သင်္ချိုင်း​တွင်း၌ ထား​ကြ၏။