YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 5:9-13

ရှင်မာကု 5:9-13 JBMLE

ကိုယ်​တော်​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည် ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​အ​မည်​ကား၊ လေ​ဂေါင်​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အ​များ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ပြီး​မှ၊- ထို​ပြည်​ထဲ​က အ​ခြား​သို့ မ​နှင်​ပါ​မည်​အ​ကြောင်း များ​စွာ​တောင်း​ပန်​လေ၏။ ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။- နတ်​ဆိုး​အ​ပေါင်း​တို့​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပြန်​လျှင်၊- ယေ​ရှု​သည် ချက်​ချင်း​အ​ခွင့်​ပေး​တော်​မူ၏။ ညစ်​ညူး​သော​နတ်​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ အိုင်၌​အ​သက်​ဆုံး​ကြ၏။ အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ထောင်​လောက်​ရှိ၏။