အိုင်တစ်ဖက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊- ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏချင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။- ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။- ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။- နေ့ညမပြတ် သင်္ချိုင်းတစပြင်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဟစ်ကြော်လျက်၊ ကျောက်ဇောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။- ယေရှုကို အဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပျပ်ဝပ်လျက်၊- အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကို အမှီပြု၍ အကျွန်ုပ် တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊- ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။- နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊- ယေရှုသည် ချက်ချင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။- ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။- အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- နတ်ဆိုးစွဲသောသူ၌လည်းကောင်း၊ ဝက်တို့၌လည်းကောင်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
ရှင်မာကု 5 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 5:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ