YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:21-41

ရှင်မာကု 4:21-41 JBMLE

ထို​မှ​တစ်​ပါး ဆီ​မီး​ကို ဆီ​မီး​ခုံ​ပေါ်​မှာ​မ​တင်၊ တောင်း​ဇ​လား​အောက်၊ ခု​တင်​အောက်၌ ဖုံး​ထား​ခြင်း​ငှာ ယူ​ခဲ့​သ​လော။- ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက်​ရှိ​သ​မျှ​တို့​သည်​လည်း ပွင့်​လင်း​လိမ့်​မည်။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။ ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။- အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။ ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊- ည၊ နေ့၊ အိပ်​လျက်၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။- မြေ​ကြီး​သည် မိ​မိ​အ​လို​အ​လျောက် အ​သီး​ကို​သီး​စေ၍ ရှေ့​ဦး​စွာ အ​ညှောက်၊ ထို​နောက်​အ​နှံ၊ ထို​နောက် အ​နှံ​ထဲ​မှာ အောင်​မာ​သော​အ​ဆန်​ကို ဖြစ်​စေ​တတ်၏။- အ​သီး​မှည့်၍ ရိတ်​ချိန်​ရောက်​သော​အ​ခါ၊ လယ်​ရှင်​သည် မ​ဆိုင်း​မ​လင့်၊ တံ​စဉ်​နှင့် ရိတ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊- မုန်​ညင်း​စေ့​နှင့် တူ၏။ မုန်​ညင်း​စေ့​သည် မြေ၌​စိုက်​သော​အ​ခါ မြေ၌​ရှိ​သော အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ စိုက်​ပြီး​မှ အ​ပင်​ပေါက်၍၊- မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​ပွား​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​ရိပ်​ခို၍ နား​နေ​လောက်​သော အ​ကိုင်း​အ​ခက်​ကြီး​တို့​ကို ဖြစ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။- ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​သည် လူ​စု​ဝေး​ရာ​မှ​ထွက်၍ လှေ​ပေါ်၌​ရှိ​နှင့်​သော ကိုယ်​တော်​ပါ​လျက် သွား​ကြ၏။ အ​ခြား​လှေ​တို့​လည်း ပါ​သေး၏။- ထို​အ​ခါ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍ လှိုင်း​တံ​ပိုး​ခတ်​သော​ကြောင့် လှေ​သည် ရေ​နှင့် ပြည့်​လေ၏။- ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

ရှင်မာကု 4:21-41 အကြောင်း ဗီဒီယိုများ