YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:1-12

ရှင်မာကု 4:1-12 JBMLE

နောက်​တစ်​ဖန် အိုင်​နား​မှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ​သော​ကြောင့်၊ အိုင်​တွင် လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အိုင်​နား ကုန်း​ပေါ်​မှာ နေ​ကြ၏။- ထို​အ​ခါ ဥ​ပ​မာ​စ​ကား​အား​ဖြင့် များ​စွာ​သော​ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး၍ မြွက်​ဆို​တော်​မူ​သည်​မှာ၊- နား​ထောင်​ကြ​လော့။ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။- အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ ကောက်​စား​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် မြေ​နည်း၍ ကျောက်​ပေါ​များ​သော​အ​ရပ်၌ ကျ​သ​ဖြင့်၊ မြေ​တိမ်​သော​ကြောင့် ချက်​ချင်း အ​ပင်​ပေါက်​သော်​လည်း၊- နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့်၊ ဆူး​ပင်​တို့​သည် ကြီး​ပွား၍ ညှဉ်း​ဆဲ​သော​ကြောင့် အ​သီး​မ​သီး​ကြ။- အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ပင်​ပေါက်၍ ကြီး​ပွား​လျက် အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။- ကြား​စ​ရာ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ရှိ​တော်​မူ​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​နှင့် အ​ခြံ​အ​ရံ​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။- ပြင်၌​ရှိ​သော ထို​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​သ​ဖြင့်၊ သူ​တို့​အ​ကျင့် မ​ပြောင်း​လဲ၊ အ​ပြစ်​မ​လွှတ်​ရ​သည်​တိုင်​အောင် သူ​တို့​အား ဟော​သ​မျှ​ကို ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။