YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4

4
မျိုး​ကြဲ​သူ​ဥ​ပ​မာ
(မ၊ ၁၃:၁-၉။ လု၊ ၈:၄-၈)
1နောက်​တစ်​ဖန် အိုင်​နား​မှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ​သော​ကြောင့်၊ အိုင်​တွင် လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အိုင်​နား ကုန်း​ပေါ်​မှာ နေ​ကြ၏။-#လု၊ ၅း၁-၃။ 2ထို​အ​ခါ ဥ​ပ​မာ​စ​ကား​အား​ဖြင့် များ​စွာ​သော​ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး၍ မြွက်​ဆို​တော်​မူ​သည်​မှာ၊- 3နား​ထောင်​ကြ​လော့။ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။- 4အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ ကောက်​စား​ကြ၏။- 5အ​ချို့​သော​အ​စေ့​တို့​သည် မြေ​နည်း၍ ကျောက်​ပေါ​များ​သော​အ​ရပ်၌ ကျ​သ​ဖြင့်၊ မြေ​တိမ်​သော​ကြောင့် ချက်​ချင်း အ​ပင်​ပေါက်​သော်​လည်း၊- 6နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။- 7အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့်၊ ဆူး​ပင်​တို့​သည် ကြီး​ပွား၍ ညှဉ်း​ဆဲ​သော​ကြောင့် အ​သီး​မ​သီး​ကြ။- 8အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ပင်​ပေါက်၍ ကြီး​ပွား​လျက် အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။- 9ကြား​စ​ရာ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။
ဥ​ပ​မာ​များ​ရည်​ရွယ်​ချက်
(မ၊ ၁၃:၁၀-၁၇။ လု၊ ၈:၉-၁၀)
10ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ရှိ​တော်​မူ​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​နှင့် အ​ခြံ​အ​ရံ​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ​လျှင်၊- 11ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။- 12ပြင်၌​ရှိ​သော ထို​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​သ​ဖြင့်၊ သူ​တို့​အ​ကျင့် မ​ပြောင်း​လဲ၊ အ​ပြစ်​မ​လွှတ်​ရ​သည်​တိုင်​အောင် သူ​တို့​အား ဟော​သ​မျှ​ကို ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။#ဟေ​ရှာ၊ ၆း၉-၁၀။
မျိုး​ကြဲ​သူ​ဥ​ပ​မာ​ရှင်း​လင်း​ချက်
(မ၊ ၁၃:၁၈-၂၃။ လု၊ ၈:၁၁-၁၅)
13သင်​တို့​သည် ဤ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​လျှင်၊ ဥ​ပ​မာ​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သို့ နား​လည်​ကြ​မည်​နည်း။- 14မျိုး​စေ့​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို ကြဲ၏။- 15တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။- 16ကျောက်​ပေါ​သော​အ​ရပ်၌ ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း ခံ​ယူ​သော်​လည်း၊- 17စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ ခ​ဏ​သာ​တည်​သ​ဖြင့် တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။- 18ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍၊- 19လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း၊ ကြွင်း​သော​အ​ရာ​ကို တပ်​မက်​ခြင်း​စိတ်​တို့​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။- 20ကောင်း​သော​မြေ၌ ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍​ခံ​ယူ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း။
တောင်း​ဇ​လား​အောက်​ရှိ​ဆီ​မီး
(လု၊ ၈:၁၆-၁၈)
21ထို​မှ​တစ်​ပါး ဆီ​မီး​ကို ဆီ​မီး​ခုံ​ပေါ်​မှာ​မ​တင်၊ တောင်း​ဇ​လား​အောက်၊ ခု​တင်​အောက်၌ ဖုံး​ထား​ခြင်း​ငှာ ယူ​ခဲ့​သ​လော။-#မ၊ ၅:၁၅။ လု၊ ၁၁:၃၃။ 22ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက်​ရှိ​သ​မျှ​တို့​သည်​လည်း ပွင့်​လင်း​လိမ့်​မည်။-#မ၊ ၁၀:၂၆။ လု၊ ၁၂:၂။ 23ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။
24ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။-#မ၊ ၇:၂။ လု၊ ၆:၃၈။ 25အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။#မ၊ ၁၃:၁၂၊ ၂၅:၂၉။ လု၊ ၁၉:၂၆။
မျိုး​စေ့​ကြီး​ပွား​ခြင်း​ဥ​ပ​မာ
26ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊- 27ည၊ နေ့၊ အိပ်​လျက်၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။- 28မြေ​ကြီး​သည် မိ​မိ​အ​လို​အ​လျောက် အ​သီး​ကို​သီး​စေ၍ ရှေ့​ဦး​စွာ အ​ညှောက်၊ ထို​နောက်​အ​နှံ၊ ထို​နောက် အ​နှံ​ထဲ​မှာ အောင်​မာ​သော​အ​ဆန်​ကို ဖြစ်​စေ​တတ်၏။- 29အ​သီး​မှည့်၍ ရိတ်​ချိန်​ရောက်​သော​အ​ခါ၊ လယ်​ရှင်​သည် မ​ဆိုင်း​မ​လင့်၊ တံ​စဉ်​နှင့် ရိတ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။#ယော​လ၊ ၃:၁၃။
မုန်​ညင်း​စေ့​ဥ​ပ​မာ
(မ၊ ၁၃:၃၁-၃၂၊၃၄။ လု၊ ၁၃:၁၈-၁၉)
30ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊- 31မုန်​ညင်း​စေ့​နှင့် တူ၏။ မုန်​ညင်း​စေ့​သည် မြေ၌​စိုက်​သော​အ​ခါ မြေ၌​ရှိ​သော အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ စိုက်​ပြီး​မှ အ​ပင်​ပေါက်၍၊- 32မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​ပွား​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​ရိပ်​ခို၍ နား​နေ​လောက်​သော အ​ကိုင်း​အ​ခက်​ကြီး​တို့​ကို ဖြစ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။- 33ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။- 34ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။
မုန်​တိုင်း​ကို​ငြိမ်​စေ​ခြင်း
(မ၊ ၈:၂၃-၂၇။ လု၊ ၈:၂၂-၂၅)
35ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊- 36တ​ပည့်​တော်​တို့​သည် လူ​စု​ဝေး​ရာ​မှ​ထွက်၍ လှေ​ပေါ်၌​ရှိ​နှင့်​သော ကိုယ်​တော်​ပါ​လျက် သွား​ကြ၏။ အ​ခြား​လှေ​တို့​လည်း ပါ​သေး၏။- 37ထို​အ​ခါ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍ လှိုင်း​တံ​ပိုး​ခတ်​သော​ကြောင့် လှေ​သည် ရေ​နှင့် ပြည့်​လေ၏။- 38ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊- 39ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။- 40ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- 41သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကု 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။