ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊- ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။- လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစ်စင်းကို အမြဲရှိစေခြင်းငှာ တပည့်တော်တို့အား အမိန့်တော်ရှိ၏။- အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- သတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။
ရှင်မာကု 3 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 3:7-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ