YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:7-12

ရှင်မာကု 3:7-12 JBMLE

ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ အိုင်​နား​သို့ ပြောင်း​ကြွ​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်၊- ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဣ​ဒု​မဲ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​နှင့် တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​သည် ပြု​တော်​မူ​သ​မျှ​ကို ကြား​လျှင် အ​ထံ​တော်​သို့ လာ​ကြ၏။- လူ​များ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ မ​ထိ​ခိုက်​စေ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ အ​နီး​အ​ပါး​တွင် လှေ​တစ်​စင်း​ကို အ​မြဲ​ရှိ​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား အ​မိန့်​တော်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။- ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။- သ​တင်း​တော်​ကို မ​ပွင့်​စေ​မည်​အ​ကြောင်း သူ​တို့​အား ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။