YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:28-35

ရှင်မာကု 3:28-35 JBMLE

ငါ​အ​မှန်​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​သား​တို့​သည် ရ​နိုင်​ကြ၏။- သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။- အ​ဘယ်​ကြောင့် ဤ​သို့ မိန့်​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ညစ်​ညူး​သောနတ်​စွဲ​သော​သူ ဖြစ်​သည်​ဟု ဆို​ကြ​သ​တည်း။ ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။- ခြံ​ရံ​လျက် ထိုင်​သော​သူ​များ​တို့​က၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် ပြင်​မှာ​ရှိ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၍၊- ခြံ​ရံ​လျက်​ထိုင်​သော​သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။- ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။