YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:21-27

ရှင်မာကု 3:21-27 JBMLE

ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။- ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။- တိုင်း​နိုင်​ငံ​သည် မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- အိမ်​သည်​လည်း မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- စာ​တန်​သည် မိ​မိ​တစ်​ဖက်၌ ထ၍ မိ​မိ​နှင့် မ​သင့်​မ​တင့်​ကွဲ​ပြား​လျှင် မ​တည်​နိုင်​ဘဲ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။- သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ သူ၏​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ​နိုင်။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။