YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 2:23-28

ရှင်မာကု 2:23-28 JBMLE

ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်​လျက် ခ​ရီး​သွား​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည် ပြု​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဗျာ​သာ​လက်​ထက်၌ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ ဆာ​မွတ်၍ မ​တတ်​နိုင်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား၍ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။- ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။- သို့​ဖြစ်၍ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။