YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 16:15-18

ရှင်မာကု 16:15-18 JBMLE

သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။- ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။- ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။- မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။